Leather Seats တွေ မပျက်စီးစေဖို့!!!

23/ Jan /2023

နွေနေပူပူ မှာ မိမိ ကားရဲ့ Car Seats (ကားထိုင်ခုံ) တွေ မပျက်စီးစေဖို့ ဘယ်လိုမျိုး ထိန်းသိမ်း ရမလဲ? အထူးသဖြင့် Leather Seats တွေ ကို ဘယ်လို ထိန်းသိမ်း ရမလဲ ဆိုတာကို မျှဝေ ပေးလိုက်ပါတယ်။ နေ့စဉ် သွားလိုရာ ကို သွားဖို့ မောင်းနှင် ချိန်တိုင်း မရှိမဖြစ် အသုံးပြု ရတဲ့ အရာတွေထဲ Car Seats တွေလည်း ပါဝင်ပါတယ်။ ဒါကြောင့် နေ့စဥ် အသုံးပြုမှု၊ နေရောင်ခြည် ထိတွေ့မှု တွေကြောင့် အချိန်ကြာလာတဲ့ အခါ Car Seats တွေက အရောင်မှိန် လာပြီး ကွဲအက်တာ စတဲ့ ပျက်စီးမှုတွေ ရှိလာ နိုင်ပါတယ်။ Leather Car Seats တွေကို မပျက်စီးဘဲ ကြာရှည် အသုံးပြုဖို့ ဆိုရင် ၃ လ တစ်ကြိမ် သေချာ ထိန်းသိမ်းဖို့ လိုအပ် ပါတယ်။ ဘယ်လိုမျိုးလေး ထိန်းသိမ်းကြမလဲ? Leather Seats တွေကို ပိုကောင်းစေပြီး ကာကွယ်ရန် အကောင်းဆုံး နည်းလမ်းမှာ Luxe Leather ဒါမှမဟုတ် Hybrid Solutions Leather Mist လို Cooling Product ဖြစ်တဲ့ ဖြန်းဆေးကို အသုံးပြု ပေးနိုင်ပါတယ်။ Leather သန့်စင်ဆေး တွေ ရွေးချယ်တဲ့ အခါ Leather မျက်နှာပြင် တွေကို သန့်စင်စေဖို့ သာမက Leather တွေကို ကာကွယ်ရန် အတွက် ‌Aloe Vera & Neat’s Foot Oil ကဲ့သို့ အစွန်းအထင်းတွေ ကို ဖယ်ရှားပေးပြီး ရေဓာတ် ဖြည့်ပေး နိုင်တဲ့ Product မျိုးတွေကို Scrub Pad ဒါမှမဟုတ် မိုက်ခရိုဖိုက်ဘာ ပါတဲ့ နူးညံ့တဲ့ အဝတ်စဖြင့် ပွတ်တိုက် သန့်ရှင်း ပေးနိုင် ပါတယ်။ မသန့်ရှင်းခင် မှာ Leather တွေကို မပျက်စီးစေဖို့ ကားအတွင်းမှာ ရှိနေနိုင်တဲ့ အညစ်အကြေးတွေ ( ဖုန်မှုန်၊ မြေမှုန်၊ မမြင်နိုင်တဲ့ အစိုင်အခဲ) ရဲ့ ပွတ်တိုက်မှု က ကင်းဝေးဖို့ ကားထိုင်ခုံ တွေကို အရင်ဆုံး ဖုန်စုပ်ထား တာက အကောင်းဆုံးပါပဲ။ ဒါကြောင့် အညစ်အကြေးတွေ၊ အမှိုက်တွေ နဲ့ အခြားသော သဲမှုန် မြေမှုန် တွေကို စုပ်ယူနိုင်တဲ့ ဖုန်စုပ်စက်ကို အသုံးပြုခြင်းဖြင့် စတင်ပါ။ ဖုန်စုပ်စက်ဖြင့် တတ်နိုင်သလောက် ဖုန်မှုန့် တွေ သန့်စင်ရန် ကူရှင်တွေကြား အထိရောက်တဲ့ ဖုန်စုပ်စက်ခေါင်း အသေးကို အသုံးပြုပါ။ ဖုန်စုပ် ပြီးတာနဲ့ Leather အတွင်းပိုင်း အကန့် တစ်ခုစီကို Leather Cleaner နဲ့ Conditioner ကို အသုံးပြုပြီး သန့်စင်ပေးပါ။ Hybrid Solutions Leather Mist ပါရှိတဲ့ Flairosol Spray Bottle လိုမျိုး Product ကို အသုံးပြုမယ် ဆိုရင် ထိုင်ခုံကြား လို နေရာတွေ မှာ ရှိတဲ့ သေးငယ်တဲ့ အမှုန်အမွှား တွေ၊ အစွန်းအထင်းတွေ ကို ဖယ်ရှားရတာ ပိုမို လွယ်ကူ စေပါတယ်။ ကားထိုင်ခုံ နဲ့ ကူရှင် တွေကို ညင်သာစွာ ပွတ်တိုက် ပေးရပါမယ်။ Scrub Pad ဒါမှမဟုတ် မိုက်ခရိုဖိုက်ဘာ ပါတဲ့ အဝတ်စမျိုး ကို အသုံးပြုကာ အညစ်အကြေး နဲ့ အမှုန် တွေကို စက်ဝိုင်း ပုံသဏ္ဍာန် ပွတ်တိုက်ပေးပါ။

Seat Belt ဘာကြောင့် ပျက်စီးတာလဲ?

23/ Jan /2023

Toyota fan တို့ရေ လမ်းမတွေ ပေါ်မှာ နေ့စဉ် မောင်းနှင် နေရတော့ မိမိရဲ့ လုံခြုံရေး အတွက် Seat Belt လေးတော့ ကားပေါ်တက်ပြီး ဆိုတာနဲ့ တပ်ဖို့ သတိရပါ ခင်ဗျာ။ Seat Belt ဆိုတာ ကားပေါ်မှာ စီးနင်း လိုက်ပါ လာတဲ့ လူတွေရဲ့ အသက်အန္တရာယ် ကို ကာကွယ်ပေးတဲ့ Active Safety Device ဖြစ်ပါတယ်။ Seat Belt ကို ကားမောင်းတဲ့ အခါမှာ ရော လိုက်ပါ စီးနင်းတဲ့ အခါမှာ ရော တပ်ဆင် အသုံးပြုဖို့ တစ်ကယ် လိုအပ်ပါတယ်။ ကား မတော်တဆမှုနဲ့ ကြုံတဲ့အခါ အဓိက အန္တရာယ်ကို ကာကွယ်ပေးတာက Seat Belt လို့ ပြောလို့ရပါတယ်။ Seat Belt တွေက အသုံးပြုတာ ကြာလာတာ နဲ့ အမျှ ခါးပတ် ဆွဲထုတ် မရတာမျိုး၊ ခါးပတ်ပြန်မဝင်တော့ တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲ Seat Belt တွေ အလုပ်မလုပ် တော့ တာလဲ? ၁) Retractor Spring ကျိုးခြင်း : Retractor ဆိုတာ ခါးပတ် ကို ခါးပတ်အိမ်ထဲ ကို ဆွဲသွင်းပေးတဲ့ Spring ပါ။ အဲ့ Spring ကျိုး သွားရင် ခါးပတ် က ခါးပတ်အိမ်ကို ဆွဲ မသွင်းတော့ ပါဘူး။ အဲ့လို အခြေအနေ ဆိုရင်တော့ ခါးပတ်ကြိုး တစ်ခုလုံး လဲပေးမှ ရတော့မှာပါ။ ၂) Retractor (သို့) Webbing (ခါးပတ်ပြား) အလိုင်းမင်း မတည့်ခြင်း : Retractor ဆိုတာ Webbing ကို ခါးပတ် အိမ်ထဲပြန်ဆွဲ ပေးဖို့ သတ်မှတ်ထား တဲ့ ထောင့်ချိုးရှိပါတယ်။ Retractor တပ်ဆင်ထားတဲ့ အခါ အလိုင်းမင်း မတည့် တာကြောင့်လဲ ခါးပတ်ထဲကို ပြန်မဝင်ဖြစ်တတ်ပါတယ်။ ဒီအခြေအနေ ကတော့ Modify လုပ်ထားတဲ့ ကားတွေမှာ အဖြစ်များ ပါတယ်။ ၃) Retractor အတွင်း ပျက်ဆီးခြင်း : မသန့်ရှင်းတဲ့ အမှုန်အမွှားတွေ ဖုန်တွေ ခါးပတ်မှာ ကပ်နေရင်လဲ Retractor အတွင်း ပျက်ဆီးမှု ဖြစ်လာပါလိမ့်မယ်။ ဒါကြောင့် Seat Belt သန့်ရှင်းအောင်လည်း သေချာ ဂရုစိုက်ပေးပါ။ ၄) Pretensioner ပျက်စီးခြင်း : ကား မတော်တဆမှု ကြုံတွေ့တဲ့ အခါ Seat Belt ရဲ့ Pretensioner လည်း ပျက်စီး သွားမှာပါ။ ဒါဆို ရင်တော့ Pretensioner Assembly (ခါးပတ်အိမ်) တစ်ခု လုံး အသစ်လဲရမှာပါ။

Used ကားလေး ကို မစီးခင် မှာ ဘယ်လိုများ Caring လုပ်သင့်လဲ ?

23/ Jan /2023

Toyota Fan တို့ရေ ခုတစ်ခါ မျှဝေပေးမှာ ကတော့ တကယ်လို့များ ကိုယ်က Used ကားလေး ကို ရွေးချယ် ဖြစ်ခဲ့တယ် ဆိုရင်!!! မစီးခင် မှာ ဘယ်လိုလေး Caring လုပ်သင့်လဲ??? Used ကားတစ်စီး ရဲ့ အတွင်းပိုင်း မှာ ဘယ်နေရာတွေ မှာ ပိုးမွှားအများဆုံး ရှိတတ်လဲ ဆိုရင် တော့ 1. Trunk 2. Driver’s seat 3. Gearstick 4. Back seat 5. Dashboard 6. Steering wheel 7. Small Gap In Between Seats (Car ထိုင်ခုံ တွေ ကြားထဲ ) တွေမှာ အများဆုံး ရှိနေတတ်ပါတယ်။ ကားရဲ့ အတွင်းခန်း ထဲမှာ ရှိနေတဲ့ မှို နဲ့ ဘက်တီးရီးယား တွေကြောင့်လည်း ကျန်းမာရေး ကိုပါ ထိခိုက် တတ်ပါ သေးတယ်။ သမရိုးကျ သန့်စင် ရှင်းလင်း လိုက်ရင် တော့ ကြည့်လိုက်ရင် ကား က သန့်ရှင်း သွားတယ်လို့ ထင်ရပေမယ့် မျက်စိနဲ့ မမြင်ရတဲ့ ပိုးမွှားတွေ ကို တော့ ဘယ်လို သန့်စင် ရမလဲ? ဘက်တီးရီးယား၊ ပိုးမွှားများ နှင့် မှိုတွေ ကို ထိရောက်စွာ ဖယ်ရှားပေးနိုင်တဲ့ ကားအတွင်းခန်း ပိုးသတ်ခြင်း လုပ်ဆောင်ရပါမယ်။ ကား လေဝင် လေထွက် စနစ်၊ air-con စနစ် နှင့် သန့်ရှင်း​ရေး ပြုလုပ်ရန် ခက်ခဲသော နေရာများထိ ရောက်ရှိနိုင်တဲ့ ဘက်တီးရီးယား နှင့် မှိုများကို ဖယ်ရှားပေး ရပါမယ်။ အန္တရာယ်ရှိသော ဓာတ်ငွေ့များ အသုံးပြုထားခြင်း မရှိတဲ့ Product မျိုးနဲ့ သန့်စင် ရှင်လင်း ပေးရပါမယ်။ မိမိ ဝယ်ထားတဲ့ Used ကားလေး ကို မိမိရော မိသားစု တွေ ပါ မစီးနှင်းခင်မှာ သေချာ ကားအပြင်ဘက် သာမက ကားရဲ့ အတွင်းပိုင်း ပါ သန့်ရှင်း နေစေဖို့ ခုပဲ သန့်ရှင်းပေးဖို့ သတိရ လိုက်ပါ ခင်ဗျာ။

...
Stick to the service schedule

17/ Mar /2023

...
ကားကြံ့ခိုင်မှုကို ဘာကြောင့် ပုံမှန် စစ်ဆေးသင့်တာလဲ?

03/ Mar /2023

...
Ignition Coil တွေမကောင်းရင် ဘာဖြစ်နိုင်လဲ?

27/ Jan /2023

...
Toyota Genuine Engine Flush Additives (EFA) ဆိုတာ…

27/ Jan /2023

...
Oil Filter လဲလှယ်ခြင်းကို လစ်လျူရှုရင်..

27/ Jan /2023

...
အိမ်မှာကိုယ်တိုင် Wiper တွေကို ဘယ်လိုမျိူး ထိန်းသိမ်း စစ်ဆေးပေးလို့ ရမလဲ?

27/ Jan /2023

...
Toyota Fan တို့ရေ မိုးရာသီက မကုန်ဆုံးသေးတော့ မိုးရွာနေချိန် မှာ မိမိရော မိမိကားလေး ပါ အန္တရာယ်ကင်းပြီး လုံခြုံစွာ မောင်းနှင် နိုင်ဖို့

27/ Jan /2023

...
ကားအတွက် အင်ဂျင်ဝိုင်ရွေးချယ်ရင် ဒါတွေ သိထားဖို့လိုပါတယ်။

27/ Jan /2023

...
ကလေးကားထိုင်ခုံကိုထိန်းချုပ်ပေးထားတဲ့ ISOFIX Safety System

27/ Jan /2023

...
Genuine Engine Oil ကို တကယ်ပဲ သုံးဖို့လိုလို့လား??

27/ Jan /2023

...
TSS System (Toyota Safety Sense) ဆိုတာဘာလဲ။ ဘယ်လိုနည်းပညာတွေပါလဲ။

27/ Jan /2023

...
Window Flim တပ်ဆင်တော့မယ်ဆိုရင် ဘယ်အချက်တွေ စဉ်းစားရမလဲ?

27/ Jan /2023

...
Engine Air Filter တွေ မသန့်ရှင်းတော့ရင်!

23/ Jan /2023

...
Electric Fuel Pump တွေဘာကြောင့် ပျက်စီးရလဲ?

23/ Jan /2023

...
Tools လေးတွေ က ဘယ်လို သုံးဝင်ပါသလဲ?

23/ Jan /2023

...
မရှိမဖြစ် လိုအပ်တဲ့ First Aid Kit Items လေးတွေ!!!

23/ Jan /2023

...
Airbag တွေက အရေးကြီးပါ သလား?

23/ Jan /2023

...
နေရောင်အောက် က ကားလေးကို ဘယ်လို ကာကွယ် မလဲ?

23/ Jan /2023

...
Leather Seats တွေ မပျက်စီးစေဖို့!!!

23/ Jan /2023

...
Seat Belt ဘာကြောင့် ပျက်စီးတာလဲ?

23/ Jan /2023

...
Used ကားလေး ကို မစီးခင် မှာ ဘယ်လိုများ Caring လုပ်သင့်လဲ ?

23/ Jan /2023

...
ကားလေး တောက်ပြောင်အောင် ဘယ်လို လုပ်ရမလဲ?

23/ Jan /2023

There is no article for 2022