16. Toyota Fan တို့ရေ မိုးရာသီက မကုန်ဆုံးသေးတော့ မိုးရွာနေချိန် မှာ မိမိရော မိမိကားလေး ပါ အန္တရာယ်ကင်းပြီး လုံခြုံစွာ မောင်းနှင် နိုင်ဖို့

27 / Jan / 2023

ပထမဆုံး အနေနဲ့ သတိပြုရမဲ့ အချက်တွေ ကတော့ ကား Tyres တွေကို စစ်ဆေး သင့်တာပါ။ ကား Tyres ဟာ သူ့စံသတ်မှတ်ချက် နဲ့ သူ ရှိပါတယ်။ စံချိန်မပြည့် တဲ့ ကား Tyres တွေ အရည်အသွေးနိမ့်တဲ့ ကား Tyres တွေ နောက်ပြီး တာယာပန်းပါး နေတာ တွေကို သတိမပြုပဲ အသုံးပြုမယ် ဆိုရင် လမ်းချော်တာ၊ အရှိန်မထိန်း နိုင်တာ စတဲ့ အန္တရာယ်များ တဲ့ အခြေအနေ တွေကို ဖြစ်ပေါ် စေနိုင် ပါတယ်။

နောက်တစ်ချက် ကတော့ Wiper တွေ ပါပဲ မိုးရာသီမှာ ရေသုတ်တံ (Wiper Blade) တွေ မကောင်းဖူး ဆိုရင်လည်း ‌‌ရှေ့မြင်ကွင်း ကောင်းကောင်း မြင်ရမှာ မဟုတ်ပဲ နဲ့ မလိုလားအပ်တဲ့ အခြေအနေ တွေဖြစ်ပေါ် နိုင်လို့ အထူး ဂရုပြု ရပါမယ်။

နောက်ပြီး ကားရှေ့မီးကြီး နဲ့ အချက်ပြမီးတွေ ကိုလည်း ဖွင့်ထား ရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ မိုးတအားသည်း တဲ့ အခြေအနေမှာ ရှေ့မြင်ကွင်းကို ကောင်းကောင်း မြင်ရဖို့ ဆိုတာ အလွန်အရေးကြီး တာကြောင့် ဖြစ်ပါတယ်။ မိုးသည်းတာကြောင့် ‌ရှေ့မြင်ကွင်း မှုန်၀ါးနေချိန်မှာ အချက်ပြမီး တွေက မိမိကား ရဲ့ အခြေအနေ ကို တစ်ဖက်ကားမှ သိနေစေဖို့ လုပ်ဆောင်ပေး ပါတယ်။ ဒါကြောင့် ကားရှေ့မီးကြီး နဲ့ အချက်ပြမီးတွေ ကောင်းမကောင်း ကိုလည်း စစ်ဆေးထား ရပါမယ်။

အရေးကြီးဆုံး အချက်ကတော့ Brake System ဖြစ်ပါတယ်။ မိုးရာသီမှာ လမ်းတွေဟာ စိုစွတ်နေလို့ မိမိကား Brake အုပ်လိုက်ချိန်မှာ ဖမ်းမိနေဖို့ အထူးလိုအပ်ပါတယ်။ ဘရိတ်ရှူး တွေ မကောင်းရင် ပါးနေရင်လည်း လဲလှယ် ရပါမယ်။

မိုးရာသီ ကုန်ဆုံးတဲ့ အချိန်ကာလ ကို မရောက်သ၍ မိမိရော မိမိကားလေပါ ဘေးကင်းစေဖို့ လိုအပ်တဲ့ စစ်ဆေး ရမယ့် အရာအားလုံး ကို အချိန်မှန်မှန် စစ်ဆေး ပေးပါ ခင်ဗျာ။