5. နေရောင်အောက် က ကားလေးကို ဘယ်လို ကာကွယ် မလဲ?

23 / Jan / 2023

TOYOTA Fan တို့ရေ ‌နွေပူပူ မှာ မိမိကားလေး ကို အပူဒဏ်လေး ကနေ ကာကွယ်ဖို့ မမေ့ကြနဲ့ နော်။ အရိပ်အရမ်းရတဲ့ နေရာလေး မှာ မရပ်ထားနိုင်ရင်လဲ အကာအကွယ်လေး တွေနဲ့ ထားပေးဖို့ တော့ လိုပါတယ်။ ဘာလို့ ကာကွယ်ဖို့ လိုအပ်ပါလဲ??? ကား အတွင်းရှိ Leather၊ Dashboard၊ Steering Wheel နဲ့ Cushion တွေက ပူပြင်းသော နေအပူရှိန်ကြောင့် ကွဲအက်မှု မဖြစ်စေရန်၊ အရောင်မှိန်မှု မဖြစ်စေရန် အပြင် ကားအတွင်း အပူရှိန် လျှော့ချရန် အတွက် လိုအပ်ပါတယ်။ နွေရာသီမှာ နေ့စဥ် နေရောင် အောက် မှာ ကားကို ရပ်ရမယ် ဆိုရင်လဲ ကားရဲ့ အတွင်းပိုင်း ကို ကာကွယ်ဖို့ လုပ်နိုင်တာ တွေ ကို လုပ်ရပါမယ်။ ဥပမာ - Windshield Sun Shade တွေ နဲ့ ကာကွယ်ပေးတာမျိုး ပါ။ ကားကို နေရောင်ထဲ မှာ အကြာကြီး ရပ်ထား ရတဲ့ ဆိုရင် အရည်အသွေးကောင်းတဲ့ Product မျိူး ဖြစ်တဲ့ အရောင်ဖျော့တဲ့ ကား Cover မျိုး တွေနဲ့ ကာကွယ်ပေး နိုင်ပါတယ်။ နေရောင် အပူပြင်းဆုံးသော အချိန် မှာ ဆိုရင်တော့ အရိပ်ထဲ မှာ ကား ကို ရပ်တာက ပိုကောင်းပါတယ်။ နေ‌ရောင် အရမ်းပူတဲ့ နေရာ မှာ တစ်နေ့လုံး နီးပါး ကားကို ရပ်ထား ရတယ် ဆိုရင် - ကားရဲ့ ဘတ်ထရီ ကို စစ်ဆေးပေးပါ။ အရည်တွေ အလွန်အကျွံ ရေငွေ့ပျံ ရင်လည်း ဘတ်ထရီ သက်တမ်း က လျှော့လာ နိုင်ပါတယ်။ Coolant ကိုလည်း စစ်ဆေးပါ။ လိုအပ်တယ် ဆိုရင် ထပ်ပြီး ထည့်ပေးပါ။ Leather Seats နဲ့ ကူရှင် တွေပေါ်ရှိ ကြမ်းတမ်း တဲ့ အစက်အပျောက် တွေကို သေချာ သန့်စင်အောင် ပွတ်တိုက်ပေးပါ။ သန့်စင်ပြီး သွားတဲ့ အခါ ခဏတာ အသုံးမပြုဘဲ ခြောက်သွေ့အောင် ထားပေးပါ။ ကဲ.. ဒါဆိုရင် Leather Seats တွေကို ဘယ်လို သန့်စင်ပြီး ထိန်းသိမ်း ရမလဲ ဆိုတာ ကို အနည်းငယ် သိလောက်ပြီ ထင်ပါတယ်။ TOYOTA Fan တို့လည်း မိမိ တို့ Leather Seats လေးတွေ ကို သေချာ ဂရုတစိုက် သန့်ရှင်းပြီး နွေနေပူပူ မှာ အရောင်ပြောင်လက် နေတဲ့ Leather Seats ပေါ်မှာ ဇိမ်ရှိရှိလေး မောင်းနှင် ကြည့်လိုက်ပါ။