မရှိမဖြစ် လိုအပ်တဲ့ First Aid Kit Items လေးတွေ!!!

23/ Jan /2023

မောင်းနှင်နေစဉ် တစ်ခါတစ်ရံမှာ အရေးပေါ် အခြေအနေတစ်ခု ကြုံတွေ့လာတဲ့ အခါ ကားထဲမှာ မရှိမဖြစ်လိုအပ်တဲ့ First Aid Kit Items တွေကို ဆောင်ထားမိဖို့ အရေးကြီးပါတယ်။ Ready To Use ဝယ်ယူ နိုင်သလို ကိုယ်တိုင်လည်း မိသားစုရဲ့ လိုအပ်ချက်အတိုင်း စိတ်ကြိုက် ပြင်ဆင်နိုင်ပါတယ်။ ဒါကြောင့် ဘယ် Items လေးတွေက ဆောင်ထား သင့်သလဲ? ဆိုတာကို မျှဝေ လိုက်ပါတယ်။ • ပြတ်ရှမှုများကို ဖုံးအုပ်ဖို့ ပလာစတာ • ဒဏ်ရာများအတွက် Gauze Pads • ပတ်တီးပိတ်ရန်အတွက် တွယ်ချိပ် • ကော်တိပ် • ပဋိဇီဝဆေးရည် • အရေပြားရောင်ရမ်းခြင်း၊ အဖုများအတွက် ပိုးသတ်ဆေး နှင့် Hydrocortisone Cream • ဓါတ်မတည့်မှုများအတွက် Anti-histamine

Airbag တွေက အရေးကြီးပါ သလား?

23/ Jan /2023

ဒီတစ်ခါ မှာတော့ Airbag ဆိုတဲ့ အသက်ကယ် လေအိတ် အကြောင်းအရာလေး ကို မျှဝေပေးပါ့ မယ် ခင်ဗျာ။ Airbag ဆိုတာ? ကားအတွင်း စီးနင်း လိုက်ပါ သူတွေရဲ့ အသက်အန္တရာယ် ကို အပိုဆောင်း ကာကွယ်ပေးတဲ့ Passive Safety Device အစိတ်အပိုင်း တစ်ခုပဲ ဖြစ်ပါတယ်။ ဒီနေရာလေး မှာ ပြောပြချင်တာက Seat Belt (ထိုင်ခုံခါးပတ်) အမျိုးအစားနဲ့ မတူဘူး ဆိုတာပါ။ ထိုင်ခုံခါးပတ် ဆိုတာက လူကပတ်ပေးမှ ကာကွယ်ပေးတဲ့ Active Safety Device ဖြစ်ပြီးတော့ Airbag ကတော့ ယာဥ်မတော်တဆ ဖြစ်တဲ့ အခါမျိူးမှာ အလိုအလျောက် ကာကွယ်ပေးတဲ့ အရာ ဖြစ်ပါတယ်။ Airbag တွေကို 1980 ခုနှစ် နဲ့ 1990 ခုနှစ် အစောပိုင်း ကားတွေ မှာ စတင် သုံးစွဲ ခဲ့ပါတယ်။ Driver Side Airbag ကို 1989 ခုနှစ်လောက် မှာ စတင် တပ်ဆင် သုံးစွဲ ခဲ့ပြီး Passenger Side Airbag ကိုတော့ 1992 လောက်မှာ စတင် သုံးစွဲ ခဲ့ပါတယ်။ Side Airbag ကိုတော့ 1996 လောက်မှာ စတင် သုံးစွဲ ခဲ့ပြီး  Curtain Shield Airbag ကိုတော့ 1998 လောက်မှာ စတင်သုံးစွဲခဲ့တာပါ။ Knee Airbag ကိုတော့ 2002 ခုနှစ် လောက်မှာ မှ စတင် သုံးစွဲ ခဲ့ပါတယ်။ အခု နောက်ပိုင်းမှာတော့ Rear Central Airbag System ဆိုပြီးလည်း ပိုမို လုံခြုံ စိတ်ချ ရနိုင်တဲ့ စနစ် တွေကို အသုံးပြု နေပါပြီ။ ကား တော်တော်များများ မှာ Airbag တွေက အနဲဆုံး ၂လုံး ကနေ ၄လုံး၊ ၆လုံး ၈လုံး ဆိုပြီး ကားမော်ဒယ် အမျိုးအစားပေါ် မူတည်ပြီး ပါပါတယ်။   Airbag က ဘယ်လို အလုပ်လုပ်လဲ ဆိုတော့? ပထမဆုံး Impact Sensors က ယာဥ်မတော်တဆမှု ဖြစ်တဲ့အခါ အရှိန် နဲ့ ပြင်းထန်မှု တွေကို တွက်ဆကာ Airbag Control Unit ကို သတင်းပို့ ပေးပါတယ်။  အဲ့ ကနေ တဆင့် Airbag အတွင်းပိုင်းက  Inflator ကို Reaction တစ်ခု သက်ရောက်စေပြီး  လေအိတ် တွေကို ပွင့်ထွက် စေပါတယ်။ ယာဉ်မတော်တဆမှု ဖြစ်တိုင်းလဲ လေအိတ် မပွင့်ပါဘူး။ ယာဉ်တိုက်မှုဖြစ်ရင် အဓိက အနေနဲ့ အန္တရာယ်ကို ကာကွယ် ပေးတာ က လေအိတ်တွေ မဟုတ်ပါဘူး။ အဓိက အန္တရာယ်ကို ကာကွယ်ပေး တာက ထိုင်ခုံက ခါးပတ်တွေပါ။ ခါးပတ် ပတ်ထား တဲ့ တိုင်အောင် အခြား ထိခိုက်မှုတွေ နည်းသမျှ နည်းသွားအောင် ထပ်မံ ဖြည့်စွက်တဲ့ အနေနဲ့ လေအိတ်စနစ် တွေကို ထပ်မံ ဖြည့်စွက် ထားတာ ဖြစ်လို့ Supplemental Restraint System (SRS) Airbags ဆိုပြီး ခေါ်တာပါ။ ထိုင်ခုံ ခါးပတ် မပတ်ဘဲ ယာဉ်တိုက်မှု ဖြစ်လို့ လေအိတ်တွေ ပွင့်တယ် ဆိုရင် ကားရဲ့ ရွေ့လျား နေတဲ့ အရှိန်က လိုက်ပါ နေတဲ့ သူကို ရုတ်တရက် ဖမ်းပြီး ထိန်းချုပ် ထားမယ့် ခါးပတ်ကို မပတ်ထားလို့ အရှိန် ထိန်းမထားနိုင်ပဲ ပြင်းပြင်းထန်ထန် ပွင့်ထွက်လာတဲ့ လေအိတ်တွေ နဲ့ စောင့်မိပြီး ဇက်ကျိုးတာ၊ နံရိုးတွေကျိုးတာ ဖြစ်နိုင် ပါတယ်။ အဲ့လို အ‌‌ခြေအနေမျိုးနဲ့ ကြုံတဲ့အခါ Airbag System ကပါ မကောင်းဘူး ဆိုရင် အသက်အန္တရာယ် ကြုံလာနိုင် ပါတယ်။ Airbag System ကို စစ်ဆေး ပေးဖို့ အကြံပြု ချင်ပါတယ်။ Airbag System မကောင်း တော့ဘူး ဆိုရင် ကားဒိုင်ခွက် မှာ Airbag မီး အနီရောင် လင်းလာ ပါလိမ့်မယ်။

နေရောင်အောက် က ကားလေးကို ဘယ်လို ကာကွယ် မလဲ?

23/ Jan /2023

TOYOTA Fan တို့ရေ ‌နွေပူပူ မှာ မိမိကားလေး ကို အပူဒဏ်လေး ကနေ ကာကွယ်ဖို့ မမေ့ကြနဲ့ နော်။ အရိပ်အရမ်းရတဲ့ နေရာလေး မှာ မရပ်ထားနိုင်ရင်လဲ အကာအကွယ်လေး တွေနဲ့ ထားပေးဖို့ တော့ လိုပါတယ်။ ဘာလို့ ကာကွယ်ဖို့ လိုအပ်ပါလဲ??? ကား အတွင်းရှိ Leather၊ Dashboard၊ Steering Wheel နဲ့ Cushion တွေက ပူပြင်းသော နေအပူရှိန်ကြောင့် ကွဲအက်မှု မဖြစ်စေရန်၊ အရောင်မှိန်မှု မဖြစ်စေရန် အပြင် ကားအတွင်း အပူရှိန် လျှော့ချရန် အတွက် လိုအပ်ပါတယ်။ နွေရာသီမှာ နေ့စဥ် နေရောင် အောက် မှာ ကားကို ရပ်ရမယ် ဆိုရင်လဲ ကားရဲ့ အတွင်းပိုင်း ကို ကာကွယ်ဖို့ လုပ်နိုင်တာ တွေ ကို လုပ်ရပါမယ်။ ဥပမာ - Windshield Sun Shade တွေ နဲ့ ကာကွယ်ပေးတာမျိုး ပါ။ ကားကို နေရောင်ထဲ မှာ အကြာကြီး ရပ်ထား ရတဲ့ ဆိုရင် အရည်အသွေးကောင်းတဲ့ Product မျိူး ဖြစ်တဲ့ အရောင်ဖျော့တဲ့ ကား Cover မျိုး တွေနဲ့ ကာကွယ်ပေး နိုင်ပါတယ်။ နေရောင် အပူပြင်းဆုံးသော အချိန် မှာ ဆိုရင်တော့ အရိပ်ထဲ မှာ ကား ကို ရပ်တာက ပိုကောင်းပါတယ်။ နေ‌ရောင် အရမ်းပူတဲ့ နေရာ မှာ တစ်နေ့လုံး နီးပါး ကားကို ရပ်ထား ရတယ် ဆိုရင် - ကားရဲ့ ဘတ်ထရီ ကို စစ်ဆေးပေးပါ။ အရည်တွေ အလွန်အကျွံ ရေငွေ့ပျံ ရင်လည်း ဘတ်ထရီ သက်တမ်း က လျှော့လာ နိုင်ပါတယ်။ Coolant ကိုလည်း စစ်ဆေးပါ။ လိုအပ်တယ် ဆိုရင် ထပ်ပြီး ထည့်ပေးပါ။ Leather Seats နဲ့ ကူရှင် တွေပေါ်ရှိ ကြမ်းတမ်း တဲ့ အစက်အပျောက် တွေကို သေချာ သန့်စင်အောင် ပွတ်တိုက်ပေးပါ။ သန့်စင်ပြီး သွားတဲ့ အခါ ခဏတာ အသုံးမပြုဘဲ ခြောက်သွေ့အောင် ထားပေးပါ။ ကဲ.. ဒါဆိုရင် Leather Seats တွေကို ဘယ်လို သန့်စင်ပြီး ထိန်းသိမ်း ရမလဲ ဆိုတာ ကို အနည်းငယ် သိလောက်ပြီ ထင်ပါတယ်။ TOYOTA Fan တို့လည်း မိမိ တို့ Leather Seats လေးတွေ ကို သေချာ ဂရုတစိုက် သန့်ရှင်းပြီး နွေနေပူပူ မှာ အရောင်ပြောင်လက် နေတဲ့ Leather Seats ပေါ်မှာ ဇိမ်ရှိရှိလေး မောင်းနှင် ကြည့်လိုက်ပါ။

...
Stick to the service schedule

17/ Mar /2023

...
ကားကြံ့ခိုင်မှုကို ဘာကြောင့် ပုံမှန် စစ်ဆေးသင့်တာလဲ?

03/ Mar /2023

...
Ignition Coil တွေမကောင်းရင် ဘာဖြစ်နိုင်လဲ?

27/ Jan /2023

...
Toyota Genuine Engine Flush Additives (EFA) ဆိုတာ…

27/ Jan /2023

...
Oil Filter လဲလှယ်ခြင်းကို လစ်လျူရှုရင်..

27/ Jan /2023

...
အိမ်မှာကိုယ်တိုင် Wiper တွေကို ဘယ်လိုမျိူး ထိန်းသိမ်း စစ်ဆေးပေးလို့ ရမလဲ?

27/ Jan /2023

...
Toyota Fan တို့ရေ မိုးရာသီက မကုန်ဆုံးသေးတော့ မိုးရွာနေချိန် မှာ မိမိရော မိမိကားလေး ပါ အန္တရာယ်ကင်းပြီး လုံခြုံစွာ မောင်းနှင် နိုင်ဖို့

27/ Jan /2023

...
ကားအတွက် အင်ဂျင်ဝိုင်ရွေးချယ်ရင် ဒါတွေ သိထားဖို့လိုပါတယ်။

27/ Jan /2023

...
ကလေးကားထိုင်ခုံကိုထိန်းချုပ်ပေးထားတဲ့ ISOFIX Safety System

27/ Jan /2023

...
Genuine Engine Oil ကို တကယ်ပဲ သုံးဖို့လိုလို့လား??

27/ Jan /2023

...
TSS System (Toyota Safety Sense) ဆိုတာဘာလဲ။ ဘယ်လိုနည်းပညာတွေပါလဲ။

27/ Jan /2023

...
Window Flim တပ်ဆင်တော့မယ်ဆိုရင် ဘယ်အချက်တွေ စဉ်းစားရမလဲ?

27/ Jan /2023

...
Engine Air Filter တွေ မသန့်ရှင်းတော့ရင်!

23/ Jan /2023

...
Electric Fuel Pump တွေဘာကြောင့် ပျက်စီးရလဲ?

23/ Jan /2023

...
Tools လေးတွေ က ဘယ်လို သုံးဝင်ပါသလဲ?

23/ Jan /2023

...
မရှိမဖြစ် လိုအပ်တဲ့ First Aid Kit Items လေးတွေ!!!

23/ Jan /2023

...
Airbag တွေက အရေးကြီးပါ သလား?

23/ Jan /2023

...
နေရောင်အောက် က ကားလေးကို ဘယ်လို ကာကွယ် မလဲ?

23/ Jan /2023

...
Leather Seats တွေ မပျက်စီးစေဖို့!!!

23/ Jan /2023

...
Seat Belt ဘာကြောင့် ပျက်စီးတာလဲ?

23/ Jan /2023

...
Used ကားလေး ကို မစီးခင် မှာ ဘယ်လိုများ Caring လုပ်သင့်လဲ ?

23/ Jan /2023

...
ကားလေး တောက်ပြောင်အောင် ဘယ်လို လုပ်ရမလဲ?

23/ Jan /2023

There is no article for 2022