Engine Air Filter တွေ မသန့်ရှင်းတော့ရင်!

23/ Jan /2023

မိမိကားလေး ကို အချိန်ကြာကြာ မောင်းနှင်ရဖို့ အမြဲတမ်း ပြုပြင်ထိန်းသိမ်းမှု လိုအပ်ချက်လေးတွေ ကို လုပ်ဆောင်ပေး သင့်ပါတယ်။ စစ်ဆေး လဲလှယ် ရမယ့် ထဲက Engine Air Filter အကြောင်းလေး ကို မျှဝေပေး လိုက်ပါတယ် ခင်ဗျာ။ Engine Air Filter က ဘာတွေ လုပ်ဆောင် ပါလဲ? အင်ဂျင် ထဲဝင်လာတဲ့ လေထု ထဲက ဖုန်မှုန့် ၊အညစ်အကြေးတွေ နှင့် ရေခိုးရေငွေ့တွေ ကို အင်ဂျင် ထဲ မဝင်လာ စေဖို့ စစ်ထုတ် ပေးတာ ဖြစ်ပါတယ်။ Engine Air Filter ကို ဘာလို့ လဲဖို့ လိုတာလဲ? လေစစ်က မကောင်းတော့ဘူး ဆိုရင် မသန့်ရှင်းတဲ့ အညစ်အကြေးတွေ နဲ့ အန္တရာယ်ရှိတဲ့ ညစ်ညမ်းတဲ့ အမှုန်အမွှားတွေက အင်ဂျင် ရဲ့ လောင်ကျွမ်းခန်းထဲ ရောက် သွားနိုင်ပါတယ်။ လေစစ်မှာ ဂျီး နဲ့ အညစ်အကြေး တွေ ပိတ်ဆို့ လာတဲ့ အခါ လောင်စာဆီစားနှုန်း မြင့်တက်လာခြင်း၊ အင်ဂျင်သံမမှန်ခြင်း၊ အင်ဂျင် အရုန်းအဆွဲ နဲ့ စွမ်းဆောင်ရည် ကျဆင်းလာခြင်း အပြင် အင်ဂျင်ကို ပါ ထိခိုက် နိုင်ပါတယ်။ လေစစ် ကို ဘယ်လို အခြေအနေမျိုး မှာ ပြောင်းလဲ သင့်လဲ? မိုင်ပေါင်း 12,000 မှ 15,000 တိုင်း ကားရဲ့ လေစစ်ကို ပြောင်းလဲ ဖို့ အကြံပြုထား ပေမယ့် လေထု ညစ်ညမ်းတဲ့ နေရာတွေ မှာ မောင်းနှင် ရတယ် ဆိုရင် မကြာခဏပြောင်းလဲဖို့ လိုအပ်ပါတယ်။ အင်ဂျင်လေစစ် ကို အင်ဂျင်ဝိုင် လဲပြီးတိုင်း ဖြုတ်ပြီး စစ်ဆေး ပေးပါ။ လဲလှယ်ဖို့ လိုအပ်ရင် လဲလှယ်ပါ။ ဒါမှသာ အင်ဂျင် အတွက် လေ အဝင် အထွက် ကောင်းမွန်တဲ့ စွမ်းဆောင်ရည် ကို ရရှိမှာ ဖြစ်ပါတယ် ခင်ဗျာ။

Electric Fuel Pump တွေဘာကြောင့် ပျက်စီးရလဲ?

23/ Jan /2023

Electric Fuel Pump တစ်ခု ဘယ်လို အလုပ်လုပ်လဲ? ကားစက် စနှိုးလိုက်ပြီဆိုတာနဲ့ ဆီတိုင်ကီ ထဲက ဆီတွေဟာ ဆီစစ်စကာ (Filter) နဲ့ Inlet Tube တွေ ကနေ တစ်ဆင့် ဆီပန့်ထဲ စတင် ဝင်ရောက် လာပါတယ်။ Electric Fuel Pumps တွေဟာ ကားသော့ကို Ignition On လိုက်တာနဲ့ စတင်အလုပ်လုပ်ပြီး၊ အင်ဂျင်လည်ပတ် နေသမျှ ကာလပတ်လုံး တောက်လျှောက် မရပ်မနား အလုပ်လုပ် ပါတယ်။ Electric Fuel Pumps တွေဟာ သတ်မှတ်ထားတဲ့ ပုံမှန် Speed နဲ့ လည်ပတ်နေပြီး တစ်ခါတစ်ရံမှာတော့ အင်ဂျင်ရဲ့ လည်ပတ်နှုန်းနဲ့ သုံးစွဲတဲ့ ဝန်အား အပေါ်မူတည်ပြီး အနှေးအမြန် ပြောင်းလဲလည်ပတ်ပါတယ်။ Electric Fuel Pump တွေ အလျင်အမြန် မပျက်စီးစေဖို့ ဘယ်လို ကာကွယ်မလဲ? ဆီပန့်ရဲ့ အဓိကတာဝန်က ဆီတိုင်ကီထဲက ဆီတွေကို Injector တွေဆီ ပို့ဆောင်ပေးတာပါ။ ဒီလို လောင်စာဆီတွေကို သယ်ယူပို့ဆောင် ရတဲ့အခါမှာ ပုံမှန်ရိုးရိုး သယ်ယူပို့ဆောင်လို့ မရပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ အင်ဂျင်ခန်းထဲကို မီးလောင်ပေါက်ကွဲ ဖို့လိုအပ်တဲ့ လောင်စာဆီ တွေကို Injector တွေသုံး ဖြန်းသွင်းရတဲ့ အခါမှာ လောင်စာဆီ တွေကို သေးငယ်တဲ့ ဆီအမှုန် အမွှားလေးတွေ အဖြစ် ဖြန်းသွင်းပေးဖို့ လိုလို့ပါပဲ။ ဒါကြောင့် ဒီလောင်စာဆီ တွေကို ဆီအမှုန် အမွှားလေးတွေ ဖြစ်အောင် ပန်းသွင်းပေးဖို့ Pressure ဆိုတဲ့ အားပြင်းတဲ့ ဖိအားတစ်ခု လိုပါတယ်။ ဒီလို လိုအပ်တဲ့ ဖိအားကို ရရှိအောင် ဒီဆီတိုင်ကီ ထဲက ဆီပန့်ကပဲ တွန်းပေးရတာပါ။ Electric Fuel Pump တွေဘာကြောင့် ပျက်စီးရလဲ? ၁။ ဆီတိုင်ကီ ထဲက ဆီကို ကုန်ခါနီးအထိသုံးတာ၊ ၂။ ဆီထဲမှာ ရေ ရောနှောပါလာတာ၊ ၃။ ဆီ အရည်အသွေး မပြည့်မီတာ (သို့) ဆီမသန့်တာ စတဲ့ အချက်တွေကြောင့်ပါ။   Electric Fuel Pump တွေ မကောင်းတော့ဘူးဆိုရင် ဘယ်လို လက္ခဏာတွေပြမလဲ? ၁။ ဆီတိုင်ကီထဲက ဆီပန့် အသံကြမ်းလာတာ၊ ၂။ အင်ဂျင်နှိုးရခက်တာ၊ ၃။ အင်ဂျင် တုံ့ဆိုင်းသွားတာ၊ ၄။ အင်ဂျင်ရုန်းအားကျတာ၊ ၅။ ဆီစားနှုန်း မမှန်တာ၊ ၆။ အင်ဂျင်နှိုးမရတော့တာ စတဲ့ လက္ခဏာတွေ ပြပါလိမ့်မယ်။ ဆီပန့် မကောင်းရင် ပြဿနာမျိုးစုံ ကြုံရပြီး စိတ်အနှောင့်အယှက် ဖြစ်ရပါတယ်။ ဒါကြောင့် ဆီတိုင်ကီထဲက ဆီပန့်တွေကို လဲ အထူး ဂရုစိုက်ဖို့  လိုအပ်ပါတယ် ခင်ဗျာ။

Tools လေးတွေ က ဘယ်လို သုံးဝင်ပါသလဲ?

23/ Jan /2023

Toyota Fans တို့ အတွက် ဒီတစ်ခါ မှာလည်း Tools လေး တွေရဲ့ အသုံးဝင်မှုကို ထပ်မံပြီး မျှဝေ ပေးလိုက်ပါတယ်။ 1.Life Hammer ဒီ Tool လေးက အမြဲ သုံးဖို့ မလိုအပ်ပေမယ့် ကားမှန်ခွဲရန် ဒါမှမဟုတ် ထိုင်ခုံခါးပတ်ကို ဖြုတ်ရန် လိုအပ်တဲ့ အရေးပေါ် အခြေအနေ တွေမှာ ကူညီပေး နိုင်ပါတယ်။ 2.Two Strap ကားက လမ်းပေါ်မှာ Break Down ဖြစ်တဲ့အခါ တွဲဆွဲကြိုးက ကူညီ နိုင်ပါလိမ့်မယ်။ တခြားကား ကို အကူအညီ တောင်းနိုင်ပြီး ကားကို အနီးဆုံး အလုပ်ရုံသို့ တွဲဆွဲကြိုးနဲ့ ဆွဲသွားနိုင်ပါတယ်။ 3.Jumper Cables ကားက ရုတ်တရက် Stuck ဖြစ်သွားတဲ့အခါ Jumper Cables တွေရှိခဲ့ရင် တခြားကားရဲ့ အကူအညီနဲ့ ကားရဲ့ Battery ကို ထောက်ပြီး နှိုးပေး နိုင်ပါတယ်။ 4.Tyre Inflator ကားမှာ တာယာအပို ဆောင်ထားပေမယ့် ပုံမှန်ဖိအား စစ်ဆေးပေး ပါသလား? ကား တာယာ ဖိအားကိုရော ပုံမှန် စစ်ဆေးပါသလား? အလုပ်တွေများလို့ သတိမထားမိလို့ မေ့နေတတ် ကြပါတယ်။ ဒီလိုမျိုး စစ်ဆေးဖို့ အချိန် မပေးနိုင်ဘူး ဆိုရင်တော့ အသုံးမဝင်တဲ့ တာယာနှစ်ခု ဖြစ်မနေစေဖို့ တာယာလေထိုးတံကို အမြဲ ဆောင်ထားသင့်ပါတယ်။ 5.Flashlight/ Torch ကားပြဿနာတွေက နေ့ဘက် ညဘက် ကားမောင်းနေစဉ် အချိန်မရွေး ဖြစ်ပွားနိုင် ပါတယ်။ မှောင်နေချိန် ကားကို စစ်ဆေးဖို့ လိုအပ်တဲ့ အခြေခံ Tool တစ်ခု ဖြစ်ပါတယ်။ ဖုန်းရဲ့ Flashlight က အဆင်ပြေမယ်လို့ တွေးမိကြပါလိမ့်မယ်။ ဒါပေမယ့် ကားအတွင်း အောက်ရှိ ရှုပ်ထွေးသော နေရာအချို့ကို ပြုပြင်မှု ပြုလုပ်ဖို့က လက်နှိပ်ဓာတ်မီး ကသာ အထောက်အကူ ဖြစ်စေတာပါ။ 6.Portable Fire Extinguisher ကားအတွင်း မီးသတ် ဆေးဘူးထား တာက လုံခြုံစိတ်ချရမှု တိုးစေတာပါ။ ဘယ်ကားမဆို ဝါယာရှော့ကြောင့် မီးလောင်နိုင်တာကို သတိပြုရပါမယ်။ အရေးပေါ် အခြေအနေမျိုး အတွက် မီးသတ်ဆေးဘူးကို ဆောင်ထားရပါမယ်။ ဒါပေမယ့် သက်တမ်း ကုန်ဆုံးရက်ကို ကျော်လွန် နေရင်တော့ အစားထိုးပေးဖို့ မမေ့ပါနဲ့။ ဒါဆိုရင် Tools လေးတွေ ဆောင်ထားတာ က Toyota Fans တွေ အတွက် အကူအညီ ဖြစ်စေမယ်လို့ ယုံကြည်ပါတယ် ခင်ဗျာ။

...
Stick to the service schedule

17/ Mar /2023

...
ကားကြံ့ခိုင်မှုကို ဘာကြောင့် ပုံမှန် စစ်ဆေးသင့်တာလဲ?

03/ Mar /2023

...
Ignition Coil တွေမကောင်းရင် ဘာဖြစ်နိုင်လဲ?

27/ Jan /2023

...
Toyota Genuine Engine Flush Additives (EFA) ဆိုတာ…

27/ Jan /2023

...
Oil Filter လဲလှယ်ခြင်းကို လစ်လျူရှုရင်..

27/ Jan /2023

...
အိမ်မှာကိုယ်တိုင် Wiper တွေကို ဘယ်လိုမျိူး ထိန်းသိမ်း စစ်ဆေးပေးလို့ ရမလဲ?

27/ Jan /2023

...
Toyota Fan တို့ရေ မိုးရာသီက မကုန်ဆုံးသေးတော့ မိုးရွာနေချိန် မှာ မိမိရော မိမိကားလေး ပါ အန္တရာယ်ကင်းပြီး လုံခြုံစွာ မောင်းနှင် နိုင်ဖို့

27/ Jan /2023

...
ကားအတွက် အင်ဂျင်ဝိုင်ရွေးချယ်ရင် ဒါတွေ သိထားဖို့လိုပါတယ်။

27/ Jan /2023

...
ကလေးကားထိုင်ခုံကိုထိန်းချုပ်ပေးထားတဲ့ ISOFIX Safety System

27/ Jan /2023

...
Genuine Engine Oil ကို တကယ်ပဲ သုံးဖို့လိုလို့လား??

27/ Jan /2023

...
TSS System (Toyota Safety Sense) ဆိုတာဘာလဲ။ ဘယ်လိုနည်းပညာတွေပါလဲ။

27/ Jan /2023

...
Window Flim တပ်ဆင်တော့မယ်ဆိုရင် ဘယ်အချက်တွေ စဉ်းစားရမလဲ?

27/ Jan /2023

...
Engine Air Filter တွေ မသန့်ရှင်းတော့ရင်!

23/ Jan /2023

...
Electric Fuel Pump တွေဘာကြောင့် ပျက်စီးရလဲ?

23/ Jan /2023

...
Tools လေးတွေ က ဘယ်လို သုံးဝင်ပါသလဲ?

23/ Jan /2023

...
မရှိမဖြစ် လိုအပ်တဲ့ First Aid Kit Items လေးတွေ!!!

23/ Jan /2023

...
Airbag တွေက အရေးကြီးပါ သလား?

23/ Jan /2023

...
နေရောင်အောက် က ကားလေးကို ဘယ်လို ကာကွယ် မလဲ?

23/ Jan /2023

...
Leather Seats တွေ မပျက်စီးစေဖို့!!!

23/ Jan /2023

...
Seat Belt ဘာကြောင့် ပျက်စီးတာလဲ?

23/ Jan /2023

...
Used ကားလေး ကို မစီးခင် မှာ ဘယ်လိုများ Caring လုပ်သင့်လဲ ?

23/ Jan /2023

...
ကားလေး တောက်ပြောင်အောင် ဘယ်လို လုပ်ရမလဲ?

23/ Jan /2023

There is no article for 2022