Genuine Engine Oil ကို တကယ်ပဲ သုံးဖို့လိုလို့လား??

27/ Jan /2023

အင်ဂျင်ဝိုင် အမျိုးအစားများစွာရှိ တဲ့ထဲက Genuine အင်ဂျင်ဝိုင် ဆိုတာဘာလဲ? နိုင်ငံတကာ စံချိန်စံနှုန်း တိုင်းတာမှုများအတိုင်း အင်ဂျင်လိုအပ်မှူ့အပေါ်အကောင်းဆုံးဖြစ်စေဖို့ Genuine oil ကို အထူးသီးသန့်ထုတ်လုပ် ပါတယ်။ ဒါကြောင့် အခြား အထွေထွေသုံး အင်ဂျင်ဝိုင် များထက် အင်ဂျင် ကို သက်တမ်း ပိုမို ကြာရှည်စေ ပြီး နှင့်အင်ဂျင် စွမ်းဆောင်ရည် ကို လည်း ပိုမိုကောင်းမွန်စေပါတယ်. Genuine oilဟာ အင်ဂျင်၏ လိုအပ်ချက်များကိုဖြည့်တင်းပေးရုံသာမက အင်ဂျင်ကို အသစ်ကဲ့သို့ ဖြစ်အောင် ပြုပြင်မွန်းမံ့ပေးပါတယ် ။ ဘာကြောင့် Genuine အင်ဂျင်ဝိုင် ကို အသုံးပြုသင့်ပါသလဲ? Genuine အင်ဂျင်ဝိုင်ဟာ ကားအင်ဂျင်များကို ကောင်းမွန်စွာ လည်ပတ်နိုင်အောင် လုပ်ဆောင်ပေးနိုင်တဲ့ အပြင် ဆီစားနှုန်းသက်သာစေခြင်း၊ ကားစက်နှိုးပြီးချိန်မှာ အင်ဂျင်အတွင်းသို့ သန့်စင်သော ဆီများ ဝင်ရောက်ခြင်း ကြောင့်အင်ဂျင်ရဲ့ သန့်ရှင်းမှုကို ထိန်းသိမ်းပေးနိုင်ခြင်း၊ အိတ်ဇောမှ မီးခိုးအထွက်များခြင်းကို လျော့ချပေးခြင်းကြောင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ကိုလည်း ကာကွယ်ပေးနိုင်ခြင်းနှင့် ပူသောရာသီဥတုတွင် သာမက အေးသောရာသီဥတုမှာလည်း အင်ဂျင်ကိုချောမွေ့စွာ စက်နှိုးနိုင်ရန် ကူညီထောက်ပံ့ ပေးနိုင်ပါတယ် ။ အင်ဂျင်ဝိုင်ကို မှန်မှန်စစ်ဆေး ဖို့ လဲလှယ်ပေး ဖို့ လိုအပ်ပါသ လား? အင်ဂျင် အသုံးပြုမှုများလာပါက အင်ဂျင်ဝိုင် ရဲ့ စေးပျစ်မှုပျက်ယွင်းလာ တာ ၊ ကာဗွန်နှင့် အင်ဂျင်ဝိုင်အနည်အနှစ်များ အင်ဂျင်ဝိုင်လိုင်းများတွင် စုပြုံလာ တာ ၊ အင်ဂျင်ဝိုင် ကိုလဲလှယ်လဲခြင်းမရှိပဲ ထပ်မံဖြည့်ခြင်းသာဆောင်ရွက်ပါက ကာဗွန်နှင့် အင်ဂျင်ဝိုင်အနည်အနှစ် များကြောင့် အင်ဂျင်ဝိုင် ပျစ်ခဲလာ တာ တွေဖြစ်လာတတ်ပါတယ် ။ဒါကြောင့် အင်ဂျင်ကို ကောင်းမွန်သည့်အခြေအနေအတိုင်း သက်တမ်းကြာရှည်စွာ ထိန်းထားနိုင်ရန် အင်ဂျင်ဝိုင်ကို ပုံမှန်စစ်ဆေးပြီးလဲလှယ်သင့်ပါတယ် ။ အင်ဂျင်ဝိုင် ပုံမှန်မလဲပါက အင်ဂျင်ဝိုင်အရည်အသွေးကျဆင်းခြင်း၊ ချောဆီဂုဏ် သတၱိေလ်ာ့နည္းခြင်း၊ အင်ဂျင်စွမ်းဆောင်ရည်ကျဆင်းခြင်း၊ အဆိုးဆုံးအခြေအနေအဖြစ် အင်ဂျင်ဖမ်းသွားပြီး အင်ဂျင် ပြန်လည်ပြုပြင်ရခြင်းအကျိုးဆက်များဖြစ်ပေါ် လာတတ်ပါတယ် ။ အရေးကြီးသောအချက်အနေဖြင့် မသန့်စင်သော အင်ဂျင်ဝိုင်များကိုသုံးမိပါက ကားတွင် ချောဆီညစ်နွမ်း၍ ဆီစစ်များပိတ်ဆို့ခြင်း၊ ဆီအနည်ထိုင်ခြင်းပြဿနာများ၊ အင်ဂျင်အတွင်းပိုင်း ညစ်နွမ်းစေခြင်းဆိုးကျိုးများ ဖြစ်ပေါ် လာတတ်ပါတယ် ။ ဒါကြောင့် ဓာတ်ဆီ (သို့) ဒီဇယ် ကားများကို ယေဘုယျ အား ဖြင့် ကီလို ၅၀၀၀ ပြည့်လျှင် အင်ဂျင်ဝိုင်စစ်ဆေးပြီး လဲလှယ်မှု ပြုလုပ် သင့်ပါတယ်။

TSS System (Toyota Safety Sense) ဆိုတာဘာလဲ။ ဘယ်လိုနည်းပညာတွေပါလဲ။

27/ Jan /2023

အလိုအလျောက် အရှိန်နှုန်း ထိန်းချုပ်ပေးသောစနစ် (Dynamic Radar Cruise Control) ယာဉ်လမ်းကြောင်း လွှဲပြောင်းသွားခြင်းမှ ကာကွယ်ပေးသောစနစ် (Lane Departure Alert with Steering Control/ Lane Tracing Assist) အလိုအလျောက် မီးကြီးပြောင်းစနစ် (Automatic High Beam) (၁) .ယာဉ်တိုက်မှု့ မဖြစ်ပေါ်စေရန် ကြိုတင်သတိပေးသောစနစ် (Pre-collision System) PCS ရဲ့ လုပ်ဆောင်ချက် ကတော့ မီလီမီတာလှိုင်းရေဒါများ နှင့် ကင်မရာဆင်ဆာများ မှ ရှေ့တွင် ရှိသော ယာဉ်တိုက်နိုင်မှု့ ကို ကြိုတင် ခန့်မှန်းသတိပေးတဲ့ အတွက် ယာဉ်တိုက်မှု့ ဖြစ်စေခြင်း မှ ရှောင်ရှားစေနိုင်ပါတယ်။ အကယ်၍ ယာဉ်မောင်း သည် အနီးကပ် ယာဉ်တိုက်မှု့ ဖြစ်စေခြင်း နဲ့ ကြုံတွေ့ တော့မယ့် အခြေအနေမှာပင် ယာဉ်မောင်းသူ က ဘရိတ်ခြေနင်းပြား ကို မနင်းမိသော အခါတွင် PCS စနစ်က ယာဉ်တိုက်မှု့ ကြိုတင်ကာကွယ်ပေးသော ဘရိတ်များကို လုပ်ဆောင်စေပြီး ယာဉ် နှင့် ယာဉ်မောင်း ကို ထိခိုက်မှု့ အနည်းဆုံး အခြေအနေ ဖြစ်အောင် ကာကွယ်ပေး ပါတယ်။ (၂). အလိုအလျောက် အရှိန်နှုန်း ထိန်းချုပ်ပေးသောစနစ် (Dynamic Radar Cruise Control) DRCC ရဲ့ လုပ်ဆောင်ချက် ကတော့ မီလီမီတာလှိုင်းရေဒါများ နှင့် မိုနိုကူလာ ကင်မရာဆင်ဆာများ မှ တဆင့် မိမိယာဉ် နှင့် ရှေ့ယာဉ် ကို စိတ်ချရသော အကာအကွယ်တစ်ခုတွင် နောက်မှ လိုက်ပါမောင်းနှင် စေသော စနစ်ဖြစ်ပါတယ်။ (မိမိယာဉ် နှင့် ရှေ့ယာဉ် အကွာအဝေးကို မိမိသတ်မှတ်လိုသော တစ်ခု ဖြစ်အောင် အရင် သတ်မှတ်ထားရပါမယ်။) (၃). ယာဉ်လမ်းကြောင်း လွှဲပြောင်းသွားခြင်းမှ ကာကွယ်ပေးသောစနစ် (Lane Departure Alert with Steering Control/ Lane Tracing Assist) ယာဉ်မောင်း မှ အချက်ပြမှု့ မလုပ်ဆောင်ဘဲ ယာဉ်သည် လမ်းကြောင်းကနေ ချော်ထွက်သွားတဲ့ အချိန်မှာ LDA စနစ်က အချက်ပေးသံ နှင့် အချက်ပြမီးခွက်များမှ သတိပေးခြင်းကို လုပ်ဆောင်ပေးပါတယ်။ LDA စနစ် က ယာဉ် ကို လမ်းကြောင်းမှန် မှ လွှဲပြောင်း ချော်ထွက် သွားခြင်းမှ တားဆီးကာကွယ် ပေးပါတယ်။ (၄). အလိုအလျောက် မီးကြီးပြောင်းစနစ် (Automatic High Beam) AHB နည်းပညာသည် ယာဉ်အား ညဘက် အချိန်တွင် မြင်ကွင်းကြည်လင်ပြတ်သားစေပြီး မျက်နှာချင်းဆိုင်မှ လာသော ကားဆီသို့ စူးရှတောက်ပသော အလင်းရောင် ကျရောက်မှု့ နည်းပါးအောင် AHB စနစ်က လုပ်ဆောင် ပေးပါသည်။ ဒါ့အပြင် ရှေ့မှလာသော ယာဉ်များ ရဲ့ မီးအနေအထား ကို အာရုံခံ စူးစမ်းပြီး မီးကြီး ဒါမှမဟုတ် မီးသေး အဖြစ် အလိုအလျောက် ပြောင်းလဲပေးပါတယ်။

Window Flim တပ်ဆင်တော့မယ်ဆိုရင် ဘယ်အချက်တွေ စဉ်းစားရမလဲ?

27/ Jan /2023

ကားမောင်းတဲ့အခါမှာ ကားအတွင်းပိုင်းထဲကို UV နှင့် နေရောင်ခြည်တွေက ထိုးဖောက်ဝင်ရောက်တာကြောင့် ကားအတွင်းစီးနှင်း လိုက်ပါသူ နှင့် ကားအတွင်းပိုင်းရှိ Accessories တွေကို တိုက်ရိုက် ထိရောက်စေပါတယ်။ ဒါကြောင့်မို့ အပူဒဏ်က ကာကွယ်နိုင်ဖို့ Window Flim တွေကို တပ်ဆင်ကြပါတယ်။ ဒါဆို ကားမှာ Window Film တပ်ဆင်ဖို့ လိုအပ်နေပြီလို့ စဉ်းစားကြပါလိမ့်မယ်။ တကယ်လို့ Window Film တပ်ဆင်တော့မယ်ဆို ဘယ်အချက်တွေကို အဓိကထားပြီး စဉ်းစားရမလဲ? Window Film မှာပါဝင်တဲ့ Tinted Color Level ကတော့ ကိုယ်ဝယ်ယူတပ်ဆင်မယ့် အမျိုးအစားအလိုက် 40% မှ 80% အထိ အစားစားရှိနိုင်ပြီး ရာခိုင်နှုန်းအနည်းအများပေါ် မူတည်ပြီး Color အကြည်မှ အနောက် အထိ မြင်နိုင်စွမ်း ကွာခြားသွားမှာပဲ ဖြစ်ပါတယ်။ Privacy ကို အဓိက ထားချင်သူတွေကတော့ ရာခိုင်နှုန်းများတာကို တပ်ဆင်ကြပါတယ်။ နေ့ရော ညပါ အတွင်းဘက်ကနေ ကြည်ကြည်လင်လင် မြင်နိုင်ဖိုဆို အရည်အသွေးကောင်းတဲ့ Window Film ကို သေချာရွေးချယ်တပ်ဆင်ဖို လိုပါတယ် ။ နောက်ပြီး နေရောင်ခြည်မှ တိုက်ရိုက်ကျရောက်သည့် အပူချိန်ကို ကာကွယ်ပေးသည့် IR Rejection ကိုလည်း အဓိကထား ထည့်သွင်းစဉ်းစားဖို လိုပြီး IR Rejection % များလေ အပူချိန်ကို အကာအကွယ်ပြုနိုင်လေ ဖြစ်ပါတယ်။ UV Rejection % ကလည်း အသားအရေ မပျက်ဆီးဖို နှင့် UVA, UVB, UV Rays တိုက်ရိုက်မထိတွေ့စေရန် ပမာဏများများရှိတဲ့ Window Film ကို တပ်ဆင်ဖို လိုပါတယ်။ ကားတစ်စီးစာလုံး တပ်ဆင်မယ်ဆို အရည်အသွေးကို အာမခံပေးနိူင်တဲ့ Warranty ပါဝင်သော အမျိုးအစားကို သေချာရွေးချယ်ရပါမယ်။ ဒါမှသာ Window Film ကွာခြင်း၊ လန်ခြင်း၊ လေဖုထခြင်း၊ အရောင်ကျခြင်း၊ အပူကာနှုန်းလျော့ခြင်း တစ်ခုခုကြုံတွေ့ရပါက ပြန်လည်ပြီး ဝန်ဆောင်မှု ရယူနိုင်မှာ ဖြစ်ပါတယ်။

...
Stick to the service schedule

17/ Mar /2023

...
ကားကြံ့ခိုင်မှုကို ဘာကြောင့် ပုံမှန် စစ်ဆေးသင့်တာလဲ?

03/ Mar /2023

...
Ignition Coil တွေမကောင်းရင် ဘာဖြစ်နိုင်လဲ?

27/ Jan /2023

...
Toyota Genuine Engine Flush Additives (EFA) ဆိုတာ…

27/ Jan /2023

...
Oil Filter လဲလှယ်ခြင်းကို လစ်လျူရှုရင်..

27/ Jan /2023

...
အိမ်မှာကိုယ်တိုင် Wiper တွေကို ဘယ်လိုမျိူး ထိန်းသိမ်း စစ်ဆေးပေးလို့ ရမလဲ?

27/ Jan /2023

...
Toyota Fan တို့ရေ မိုးရာသီက မကုန်ဆုံးသေးတော့ မိုးရွာနေချိန် မှာ မိမိရော မိမိကားလေး ပါ အန္တရာယ်ကင်းပြီး လုံခြုံစွာ မောင်းနှင် နိုင်ဖို့

27/ Jan /2023

...
ကားအတွက် အင်ဂျင်ဝိုင်ရွေးချယ်ရင် ဒါတွေ သိထားဖို့လိုပါတယ်။

27/ Jan /2023

...
ကလေးကားထိုင်ခုံကိုထိန်းချုပ်ပေးထားတဲ့ ISOFIX Safety System

27/ Jan /2023

...
Genuine Engine Oil ကို တကယ်ပဲ သုံးဖို့လိုလို့လား??

27/ Jan /2023

...
TSS System (Toyota Safety Sense) ဆိုတာဘာလဲ။ ဘယ်လိုနည်းပညာတွေပါလဲ။

27/ Jan /2023

...
Window Flim တပ်ဆင်တော့မယ်ဆိုရင် ဘယ်အချက်တွေ စဉ်းစားရမလဲ?

27/ Jan /2023

...
Engine Air Filter တွေ မသန့်ရှင်းတော့ရင်!

23/ Jan /2023

...
Electric Fuel Pump တွေဘာကြောင့် ပျက်စီးရလဲ?

23/ Jan /2023

...
Tools လေးတွေ က ဘယ်လို သုံးဝင်ပါသလဲ?

23/ Jan /2023

...
မရှိမဖြစ် လိုအပ်တဲ့ First Aid Kit Items လေးတွေ!!!

23/ Jan /2023

...
Airbag တွေက အရေးကြီးပါ သလား?

23/ Jan /2023

...
နေရောင်အောက် က ကားလေးကို ဘယ်လို ကာကွယ် မလဲ?

23/ Jan /2023

...
Leather Seats တွေ မပျက်စီးစေဖို့!!!

23/ Jan /2023

...
Seat Belt ဘာကြောင့် ပျက်စီးတာလဲ?

23/ Jan /2023

...
Used ကားလေး ကို မစီးခင် မှာ ဘယ်လိုများ Caring လုပ်သင့်လဲ ?

23/ Jan /2023

...
ကားလေး တောက်ပြောင်အောင် ဘယ်လို လုပ်ရမလဲ?

23/ Jan /2023

There is no article for 2022