Toyota Fan တို့ရေ မိုးရာသီက မကုန်ဆုံးသေးတော့ မိုးရွာနေချိန် မှာ မိမိရော မိမိကားလေး ပါ အန္တရာယ်ကင်းပြီး လုံခြုံစွာ မောင်းနှင် နိုင်ဖို့

27/ Jan /2023

Toyota Fan တို့ရေ မိုးရာသီက မကုန်ဆုံးသေးတော့ မိုးရွာနေချိန် မှာ မိမိရော မိမိကားလေး ပါ အန္တရာယ်ကင်းပြီး လုံခြုံစွာ မောင်းနှင် နိုင်ဖို့ ဒီ အချက်လေး တွေ ကို သတိထား ဖို့ လိုပါတယ်။ ပထမဆုံး အနေနဲ့ သတိပြုရမဲ့ အချက်တွေ ကတော့ ကား Tyres တွေကို စစ်ဆေး သင့်တာပါ။ ကား Tyres ဟာ သူ့စံသတ်မှတ်ချက် နဲ့ သူ ရှိပါတယ်။ စံချိန်မပြည့် တဲ့ ကား Tyres တွေ အရည်အသွေးနိမ့်တဲ့ ကား Tyres တွေ နောက်ပြီး တာယာပန်းပါး နေတာ တွေကို သတိမပြုပဲ အသုံးပြုမယ် ဆိုရင် လမ်းချော်တာ၊ အရှိန်မထိန်း နိုင်တာ စတဲ့ အန္တရာယ်များ တဲ့ အခြေအနေ တွေကို ဖြစ်ပေါ် စေနိုင် ပါတယ်။ နောက်တစ်ချက် ကတော့ Wiper တွေ ပါပဲ မိုးရာသီမှာ ရေသုတ်တံ (Wiper Blade) တွေ မကောင်းဖူး ဆိုရင်လည်း ရှေ့မြင်ကွင်း ကောင်းကောင်း မြင်ရမှာ မဟုတ်ပဲ နဲ့ မလိုလားအပ်တဲ့ အခြေအနေ တွေဖြစ်ပေါ် နိုင်လို့ အထူး ဂရုပြု ရပါမယ်။ နောက်ပြီး ကားရှေ့မီးကြီး နဲ့ အချက်ပြမီးတွေ ကိုလည်း ဖွင့်ထား ရပါမယ်။ ဘာကြောင့်လဲ ဆိုတော့ မိုးတအားသည်း တဲ့ အခြေအနေမှာ ရှေ့မြင်ကွင်းကို ကောင်းကောင်း မြင်ရဖို့ ဆိုတာ အလွန်အရေးကြီး တာကြောင့် ဖြစ်ပါတယ်။ မိုးသည်းတာကြောင့် ရှေ့မြင်ကွင်း မှုန်၀ါးနေချိန်မှာ အချက်ပြမီး တွေက မိမိကား ရဲ့ အခြေအနေ ကို တစ်ဖက်ကားမှ သိနေစေဖို့ လုပ်ဆောင်ပေး ပါတယ်။ ဒါကြောင့် ကားရှေ့မီးကြီး နဲ့ အချက်ပြမီးတွေ ကောင်းမကောင်း ကိုလည်း စစ်ဆေးထား ရပါမယ်။ အရေးကြီးဆုံး အချက်ကတော့ Brake System ဖြစ်ပါတယ်။ မိုးရာသီမှာ လမ်းတွေဟာ စိုစွတ်နေလို့ မိမိကား Brake အုပ်လိုက်ချိန်မှာ ဖမ်းမိနေဖို့ အထူးလိုအပ်ပါတယ်။ ဘရိတ်ရှူး တွေ မကောင်းရင် ပါးနေရင်လည်း လဲလှယ် ရပါမယ်။ မိုးရာသီ ကုန်ဆုံးတဲ့ အချိန်ကာလ ကို မရောက်သ၍ မိမိရော မိမိကားလေပါ ဘေးကင်းစေဖို့ လိုအပ်တဲ့ စစ်ဆေး ရမယ့် အရာအားလုံး ကို အချိန်မှန်မှန် စစ်ဆေး ပေးပါ ခင်ဗျာ။

ကားအတွက် အင်ဂျင်ဝိုင်ရွေးချယ်ရင် ဒါတွေ သိထားဖို့လိုပါတယ်။

27/ Jan /2023

အင်ဂျင်ဝိုင်လဲဖို့ Car Service Center ကိုသွားရင် Semi-synthetic လား Fully synthetic လား ဘယ်အမျိုးအစားသုံးမလဲအမြဲမေးလေ့ရှိပါတယ်။ သုံးနေကျအမျိုးအစားပဲသုံးလေ့ရှိသလို၊ တခါတခါ တော့လည်း Service Advisor ကပြောတဲ့ဟာသုံးလိုက်ပါတယ်။ ဒါပေမဲ့ ဘာအမျိုးအစားတွေရှိပြီး ဘာတွေကွာလဲ ဘယ်ဟာကပိုကောင်းလဲ နားမလည်ပါဘူး။ Genuine Engine Oil သုံးဖို့လိုလို့လားဆိုတဲ့ အဆက်အနေနဲ့ ဒီတခါတော့ Genuine အင်ဂျင်ဝိုင် အမျိုးအစားတွေအကြောင်းကိုမျှဝေပါရစေ။ Synthetic lubricant ဆိုတာ ဘာလဲ? Synthetic lubricant ဆိုတာကတော့ ရေနံစိမ်းကို အထူးသန့်စင်ချက်လုပ် ပြီး ရရှိလာသော ဆီတွေကို လူလုပ် ဓါတုဒြပ်ပေါင်း တွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတာပဲဖြစ်ပါတယ်။ ထုတ်လုပ်မှုနည်းပညာ၊ ကုန်ကြမ်းကွာခြားမှုနဲ့ အရည်အသွေးတွေပေါ်မူတည်ပြီး အဓိကအားဖြင့် ၃မျိုး ခွဲခြားနိုင်ပါတယ်။ · Mineral Oil · Semi Synthetic Oil · Fully Synthetic Oil Mineral Oil Mineral Oil ဆိုတာကတော့ ရေနံစိမ်းကို အခြေပြုချက်လုပ်တာဖြစ်ပြီး Additive ထပ်ပေါင်းပစ္စည်း ပါဝင်မူနည်းပါး တဲ့အတွက်ကြောင့် ဈေးနှုန်းအချိုသာဆုံးဖြစ်သလို အသုံးများဆုံးလဲဖြစ်ပါတယ်။ ဒါပေမဲ့ ကီလို (၅၀၀၀) ထက်ပိုမိုမမောင်းနှင်သင့် ပါဘူး ။ အင်ဂျင်ပွန်းစားခံရမှု မြင့်မားတာကြောင့် အင်ဂျင်သက်တမ်းကို ထိခိုက်စေနိုင်ပါတယ်။ ဒါ့အပြင် ကားကို အကြာကြီး အသုံးမပြုဘဲထားမိခဲ့ရင် Mineral oilမှာ ဖယောင်းပါဝင်မှု မြင့်မားတဲ့အတွက် အင်ဂျင်အထဲမှာ အင်ဂျင်ဝိုင်အနည်အနစ်များ ဖြစ်ပေါ်နိုင်တာကြောင့် Mineral oil ကိုသုံးမယ်ဆိုရင် ကားထဲက အင်ဂျင်ဝိုင်ကို မကြာခဏစစ်ဆေးသင့်ပါတယ်။ Semi Synthetic Oil Semi Synthetic ဆိုတာကတော့ Fully Synthetic နှင့် သမာရိုးကျ Mineral oil များကို ပေါင်းစပ်ထားတာ ဖြစ်ပါတယ်။ ရေနံဓါတ်ငွေ့ရည် (သို့) ကောင်းမွန်သော Base Oil ကို အသုံးပြုထားပြီး ထပ်ပေါင်းပစ္စည်းများ တစ်ဝက်(သို့)တစ်ဝက်ထက်ပိုမိုပါဝင်ထည့်သွင်းထားတာကြောင့် အင်ဂျင်ဝိုင်အရည်အသွေးကို ပိုမိုကောင်းမွန် စေပြီး ပိုမိုအသုံးခံနိုင်ခြင်းကြောင့် မော်တော်ကားအများစုအတွက် သင့်တော်ပါတယ်။ Semi Synthetic ကတော့ Mineral ထက် ပိုမိုဈေးနှုန်းမြင့်မားပေမဲ့ အသုံးပြုနိုင်တဲ့ ကီလိုမီတာ ပမာဏများပြားခြင်း၊ Fully Synthetic ထက် ဈေးနှုန်း ပိုမိုသက်သာခြင်းတို့ကြောင့် လူသုံးများပါတယ်။ Fully Synthetic Oil Fully Synthetic အင်ဂျင်ဝိုင် ဆိုတာကတော့ အခြေအနေအမျိုးမျိုး နှင့် ကားအမျိုးအစား တိုင်းအတွက် သင့်လျော်အောင် ဓါတုဗေဒပစ္စည်း 100% နှင့် ထုတ်လုပ်ထားတာကြောင့် ကားအများစု Fully Synthetic ကို ထည့်သုံးသလို ရာသီဥတုအခြေအနေအမျိုးနှင့် အပူချိန်အမျိုးမျိုးတို့တွင် အသုံးပြုနိုင်ပါတယ်။ အရည်အသွေးအကောင်းဆုံးဖြစ်ပြီး 100% chemical ပါ၀င်ပါတယ်။ Fully Synthetic က အပေါ်ကအမျိုးအစားတွေထက်ဈေးအနည်းငယ်များပေမဲ့အင်ဂျင်အတွက်အကောင်းဆုံးဖြစ်အောင် အသုံးပြု ချင်သူများနှင့် ယနေ့ခေတ်ကားများအတွက် အသင့်တော်ဆုံးဖြစ်ပါတယ်။ ကားတစ်စီးရဲ့ တန်ဖိုးကြီး အင်ဂျင်ကိုရေရှည်အသုံးခံချင်တယ်ဆိုရင် Fully Synthetic ကိုအသုံး ပြုသင့်ပါတယ်။

ကလေးကားထိုင်ခုံကိုထိန်းချုပ်ပေးထားတဲ့ ISOFIX Safety System

27/ Jan /2023

ISOFIX ဆိုတာဘာလဲ? ISOFIX ဆိုတာကတော့ နိုင်ငံတကာ သတ်မှတ် စံချိန်စံညွှန်း အတိုင်း ထည့်သွင်း တပ်ဆင်ပေးထားတဲ့ Car Seat Fitting စနစ် ဖြစ်ပါတယ်။ ISOFIX က Child Car Seat ကို ကား နဲ့ ကားထိုင်ခုံကြား ထိန်းချုပ်ပေးထားတဲ့ System ဖြစ်ပါတယ်။ ISOFIX system စတင်အသုံးပြုတပ်ဆင် ရတဲ့ မိဘတွေ အနေနဲ့ Child Car Seat ကို လွယ်ကူ အခက်အခဲ မရှိဘဲ တပ်ဆင်အသုံးပြုနိုင်သလို အချိန်အကြာကြီးမပေး ရပဲ ပြန်လည် ဖြုတ်ယူနိုင်ပါ တယ်။ ISOFIX က ဘာလို့ လုံခြုံစိတ်ချ ရတာ လဲ? ဒီစနစ်က ကလေးကားထိုင်ခုံ နဲ့ ကားထိုင်ခုံ ကို နီးကပ်စွာ ထိန်းချုပ်ပေးထား တဲ့ စနစ်ဖြစ်တာကြောင့် မတော်တဆမှုတစ်ခု ဖြစ်ခဲ့ရင် ကလေးထိုင်ခုံကို ဘေးဘက်ကို မ ချော်ထွက်စေဘဲ ထိုင်ခုံမှာသာ အနည်းငယ်သော လှုပ်ရှားမှု့ ကို ဖြစ်ပေါ်စေပါတယ်။ တခါတလေ တခုခုကို ရှောင်ရှား ဖို့ အတွက် ကားဘရိတ် ကို ရုတ်တရက် အသုံးပြုရ တဲ့ အချိန်တွေ မှာ ကလေးကားထိုင်ခုံက အရှေ့ဘက်ကို ချော်မထွက်လာဘဲ ကား ထိုင်ခုံ မှာသာ ရှိနေစေပါတယ်။ ဒီ အချက်တွေကြောင့် ကားထိုင်ခုံခါးပတ် နဲ့ ISOFIX စနစ် ဘယ်တစ်ခုက ပိုပြီး လုံခြုံစိတ်ချစေ သလဲ ဆိုတာ ကို သိရှိနိုင်ပါတယ်။ ဒါေပမဲ့ ISOFIX စနစ် ကိုသေချာတပ်ဆင်ဖို့ လိုအပ်ပါတယ်။ ISOFIX ကို ဘယ်လိုမျိုး လုံခြုံစိတ်ချရအောင် တပ်ဆင်အသုံးပြုကြမလဲ? ပထမဆုံး ကားထိုင်ခုံမှာ ပါတဲ့ ISOFIX fixing point နေရာကို သိရပါမယ်။ များသော အားဖြင့် ကားရဲ့ ဒုတိယခုံတန်းမှာ တွေ့ရပြီး ကား Cushion နဲ့ ကား ထိုင်ခုံ ဆုံမှတ်အတွင်းမှာ ထည့်သွင်းပေးထားတဲ့ Metal Rings က ISOFIX ပါပဲ ။ Child Car Seat base က ISOFIX တပ်ဆင်ရမယ့် Metal Bars နှစ်ခု ဆွဲထုတ်ရပါမယ်။ ထိုနောက် ISOFIX (Metal Rings) တွင်တပ်ဆင်ပေးရပါမယ်။ တပ်ဆင်ပြီးပါက Child Car Seat base ကို နောက်သို့ တွန်းပေးရပါမယ် “CLICK” ဟု အသံမြည်ပြီ ဆိုပါ က ISOFIX System ကိုတပ်ဆင်ပေးပြီး ဖြစ်ပါတယ်။ သေချာစစ်ဆေးပြီးရင်တော့ Child Car Seat ကို တပ်ဆင်အသုံးပြုနိုင်ပါပြီ ။

...
Stick to the service schedule

17/ Mar /2023

...
ကားကြံ့ခိုင်မှုကို ဘာကြောင့် ပုံမှန် စစ်ဆေးသင့်တာလဲ?

03/ Mar /2023

...
Ignition Coil တွေမကောင်းရင် ဘာဖြစ်နိုင်လဲ?

27/ Jan /2023

...
Toyota Genuine Engine Flush Additives (EFA) ဆိုတာ…

27/ Jan /2023

...
Oil Filter လဲလှယ်ခြင်းကို လစ်လျူရှုရင်..

27/ Jan /2023

...
အိမ်မှာကိုယ်တိုင် Wiper တွေကို ဘယ်လိုမျိူး ထိန်းသိမ်း စစ်ဆေးပေးလို့ ရမလဲ?

27/ Jan /2023

...
Toyota Fan တို့ရေ မိုးရာသီက မကုန်ဆုံးသေးတော့ မိုးရွာနေချိန် မှာ မိမိရော မိမိကားလေး ပါ အန္တရာယ်ကင်းပြီး လုံခြုံစွာ မောင်းနှင် နိုင်ဖို့

27/ Jan /2023

...
ကားအတွက် အင်ဂျင်ဝိုင်ရွေးချယ်ရင် ဒါတွေ သိထားဖို့လိုပါတယ်။

27/ Jan /2023

...
ကလေးကားထိုင်ခုံကိုထိန်းချုပ်ပေးထားတဲ့ ISOFIX Safety System

27/ Jan /2023

...
Genuine Engine Oil ကို တကယ်ပဲ သုံးဖို့လိုလို့လား??

27/ Jan /2023

...
TSS System (Toyota Safety Sense) ဆိုတာဘာလဲ။ ဘယ်လိုနည်းပညာတွေပါလဲ။

27/ Jan /2023

...
Window Flim တပ်ဆင်တော့မယ်ဆိုရင် ဘယ်အချက်တွေ စဉ်းစားရမလဲ?

27/ Jan /2023

...
Engine Air Filter တွေ မသန့်ရှင်းတော့ရင်!

23/ Jan /2023

...
Electric Fuel Pump တွေဘာကြောင့် ပျက်စီးရလဲ?

23/ Jan /2023

...
Tools လေးတွေ က ဘယ်လို သုံးဝင်ပါသလဲ?

23/ Jan /2023

...
မရှိမဖြစ် လိုအပ်တဲ့ First Aid Kit Items လေးတွေ!!!

23/ Jan /2023

...
Airbag တွေက အရေးကြီးပါ သလား?

23/ Jan /2023

...
နေရောင်အောက် က ကားလေးကို ဘယ်လို ကာကွယ် မလဲ?

23/ Jan /2023

...
Leather Seats တွေ မပျက်စီးစေဖို့!!!

23/ Jan /2023

...
Seat Belt ဘာကြောင့် ပျက်စီးတာလဲ?

23/ Jan /2023

...
Used ကားလေး ကို မစီးခင် မှာ ဘယ်လိုများ Caring လုပ်သင့်လဲ ?

23/ Jan /2023

...
ကားလေး တောက်ပြောင်အောင် ဘယ်လို လုပ်ရမလဲ?

23/ Jan /2023

There is no article for 2022