Toyota Genuine Engine Flush Additives (EFA) ဆိုတာ…

27/ Jan /2023

ဒီတစ်ခါ မှာတော့ TOYOTA Fan တွေ အတွက် Toyota Genuine EFA အကြောင်းလေးပြောပြ ပေးမယ်နော်။ Toyota Genuine EFA ကို ဘာအတွက် အသုံးပြု ရသလဲ ဆိုတာ ကို ပါ မျှဝေ ပေးပါမယ့် ခင်ဗျာ။ Toyota Genuine EFA အကြောင်း မပြောခင် ဓာတ်ဆီ ဒီဇယ် အင်ဂျင်တွေ မှာ အနည်တွေ ဂျိုးတွေ ဖြစ်လာတာ က ဘာကြောင့်လဲ ပြီးရင် ဘာတွေ ဖြစ်လာ မလဲ ဆိုတာ… ဓာတ်ဆီအင်ဂျင်တွေ ကတော့ အင်ဂျင်ဝိုင် ပုံမှန်လဲလှယ်မှု မပြုတာမျိုး၊ ခရီးတိုများ မကြာခဏမောင်းနှင်တာမျိုး၊ ယာဥ်ကြော ပိတ်ဆို့ ရာတွင် အင်ဂျင် အလွတ်နှိုးထားတာမျိုး တွေ့ကြောင့် အင်ဂျင် အနည်တွေ က လောင်ကျွမ်း ဓာတ်တိုးပြီးတဲ့ အင်ဂျင်ဝိုင် နှင့် ရေ တို့ ရောစပ် မိကြ ရာမှ ဖြစ်ပေါ် လာတာ ဖြစ်ပါတယ်။အဲ့ဒီ အင်ဂျင် အနည်တွေက ကြာလာ တဲ့ အခါ မာကြော လာကာ ကာဗွန်ဂျိုးတွေ ဖြစ်လာ ကြတာပါ။ ဒီဇယ် အင်ဂျင်တွေ မှာ အနည်တွေ ဂျိုးတွေ ဖြစ်တာကတော့ ဓာတ်ဆီအင်ဂျင် နဲ့ မတူပါဘူး။ အရှိန်မြင့်မားစွာ မောင်းနှင်မှု နှင့် ဝန်အားမြင့် မောင်းနှင်မှု တွေက မီးခိုးမှုန်တွေ များစွာ ထွက်စေ ပါတယ်။ အဲ့ဒီ မီးခိုးမှုန်တွေက တကယ့် အမှန်ပါတော့ ကာဗွန်မှုန်တွေ ဖြစ်ပါတယ်။ ကာဗွန်မှုန်တွေက အချင်းချင်း ပေါင်းစပ် မိကာ ပိုမို ကြီးမား လာပြီး အင်ဂျင် အတွင်း မျက်နှာပြင်တွေ မှာ အနည်ထိုင် ကြပါတယ်။ ဒါကြောင့် ကာဗွန်မှုန်တွေကို ကွဲပြားမယ့် နည်းလမ်းတစ်ခု ဖြင့် သန့်စင် ပေးရန် လိုအပ် ပါတယ်။ 19.Toyota Genuine Engine Flush Additives (EFA) ဆိုတာ.. 1. Toyota Genuine Gasoline Engine Flush 2. Toyota Genuine Diesel Engine Flush စတဲ့ Product တွေကို ပြောတာပါ။ ဘယ်လို အသုံးဝင် ပါလဲ? ဓာတ်ဆီအင်ဂျင် EFA နှင့် ဒီဇယ်အင်ဂျင် EFA ဆိုပြီး ၂ မျိုး ရှိလို့ ဓာတ်ဆီအင်ဂျင် အတွက် သာမက ဒီဇယ် အင်ဂျင် အားလုံးမှာပါ အသုံးပြု နိုင်ပါတယ်။ အင်ဂျင်မှာ စုပုံနေတဲ့ အနည်အနှစ် တွေကို သန့်စင် ပေးနိုင်ပါတယ်။ အင်ဂျင် နှင့် အင်ဂျင်ဝိုင် တွေ အပေါ်မှာ ဆိုးကျိုး သက်ရောက်မှု မရှိပါ။ ကြိုတင် ကာကွယ်တဲ့ အနေဖြင့် ထိန်းသိမ်းမှု့ကို ဖြစ်စေပါတယ်။ အကြံပြုထားတဲ့ အသုံးပြုရမယ့် အပိုင်းအခြား ကတော့… Toyota Genuine EFA ကို 20K PM Service ပြုလုပ်တိုင်း အသုံးပြုပါ။ ဘယ်လို အသုံးပြု ရမလဲ? Lift မမြှောက်မီ ၁. အင်ဂျင်ဝိုင် ဖောက်မချမီ ထည့်ပါ။ ၂. အင်ဂျင်ကို 10 မိနစ်ခန့် အလွတ်လည်စေပါ။ (Idling) Lift မြှောက်ထားစဉ် ၃. အင်ဂျင်ဝိုင်ဖောက်ချပါ။ အင်ဂျင်ဝိုင်စစ် ကို လဲလှယ်ပါ။ ၄. အင်ဂျင်ဝိုင်အသစ် ထည့်ပါ။ 1. EFA ကို ဘယ်အခြေအနေမှာ ဆိုရင် သုံးသင့်လဲ? Maintenance ပုံမှန် လုပ်တဲ့ ကားတွေ မှာဆိုရင် ကီလို 20K ခြားတစ်ခါ PM Service လုပ်တဲ့ အခါ၊ ကီလို ၁၀၀,၀၀၀ အောက် မောင်းထားပြီး အင်ဂျင်ဝိုင် ပုံမှန် မလဲတဲ့ ကားမျိုး တွေ မှာဆိုရင် တော့ အင်ဂျင်ဝိုင် အရည်အသွေး (ဆီချိုး၊ အနည်ထိုင်မှု) စတဲ့ စစ်ဆေးမှုတွေ ပြုလုပ်ပြီး Technician ရဲ့ အကြံပြုချက် အတိုင်း ပြုလုပ်သင့် ပါတယ်။ 2. Engine Flush သုံးပြီးရင် ဘာကောင်းကျိုး တွေ ရနိုင်မလဲ? ဆီစားသက်သာခြင်း၊ အင်ဂျင်ပါဝါ ကောင်းလာခြင်း၊ အင်ဂျင် သက်တမ်း ကြာရှည်ခံခြင်း စတဲ့ ကောင်းကျိုး တွေ ရနိုင်ပါတယ်။ 3. ကားမောင်းရင် ပေါ့သွား မှာလား၊ အဆွဲ အရုန်း ကောင်းသွား မှာလား? အင်ဂျင်အနည်တွေ ကို ဆေးလိုက်တာ ဖြစ်လို့ အင်ဂျင် ပိုမို ချောမွေ့စွာ လည်ပတ်နိုင်ပြီး အင်ဂျင်သံ ညပ်သွားတာ၊ ပေါ့သွား တာမျိုး ဖြစ်နိုင် ပေမယ့် အင်ဂျင် ပေါ့သွားခြင်း၊ အဆွဲအရုန်း ကောင်းသွားခြင်း စတဲ့ အချက်တွေက ဆီဖြန့်ဝေ စနစ်၊ မီးပေးစနစ် စတဲ့ တခြား အကြောင်းအရာတွေ အပေါ်လည်း မူတည် ပါတယ်။ 4. Engine Flush ကို သုံးရင် အင်ဂျင်ဝိုင် ခဲသွားတာ/ပျစ်သွားတာမျိုး ဖြစ်နိုင်လား? အင်ဂျင်ကို ထိခိုက်နိုင်လား? ပြင်ပ Market တွေမှာ သုံးတဲ့ Product တွေက အင်ဂျင်ဝိုင်ထဲ ကို Additive အနေနဲ့ ထည့်တာ ဖြစ်တဲ့ အတွက်ကြောင့် ခဲတာ မျိုးတွေ ဖြစ်တတ်ပါတယ်။ Toyota Genuine EFA ကတော့ ခဲတာ တွေကို ဖျော်ပြီး ဖောက်ချတာ ဖြစ်တဲ့ အတွက်ကြောင့် အဲဒီလို ဆိုးကျိုး တွေ မဖြစ် စေနိုင်ပါဘူး။ ဒါပေမယ့် Toyota Genuine EFA ကတော့ အထူးသဖြင့် Toyota Genuine Engine Oil နဲ့ တွဲဖက်ပြီး သေချာ စမ်းသပ်ထား တဲ့ အတွက်ကြောင့် ဘေးထွက် ဆိုးကျိုးနည်း ပါတယ်။ 5. ကီလို ဘယ်လောက်များများ အထိ သုံးလို့ရနိုင်လဲ? ကီလို ၁၀၀,၀၀၀ အောက် ကား တွေမှာ Technician မှ အင်ဂျင်ဝိုင် အနည်ထိုင်မှု အခြေအနေကို စစ်ဆေးပြီး သင့်တော်ပါက အသုံးပြု နိုင်ပါတယ်။ ကီလို ၂၀,၀၀၀ တိုင်း တစ်ခါ သုံးသွား ရင်တော့ ကီလို ၁၀၀,၀၀၀ ကျော် ရင်လည်း အသုံးပြုနိုင်ပါတယ်။ 6. တစ်ခါသုံးပြီးရင် နောက်ထပ် အမြဲသုံးဖို့ လိုလား? Toyota Genuine EFA ကို ကီလို ၂၀,၀၀၀ တိုင်း ပုံမှန်အသုံးပြုပေးသွားခြင်းအားဖြင့် ဆီစားသက်သာခြင်း၊ အင်ဂျင်ပါဝါ ကောင်းလာခြင်း၊ အင်ဂျင် သက်တမ်း ကြာရှည်ခံခြင်း စတဲ့ ကောင်းကျိုးတွေရနိုင်ပါတယ်။ 7. အင်ဂျင်ဝိုင် လဲရင် Engine Flush က အမြဲသုံးပေးရလား? အင်ဂျင်ဝိုင်ကို ကီလို ၅,၀၀၀ တိုင်း တစ်ခါ လဲရတာ ဖြစ်တဲ့ အတွက်ကြောင့် EFA ကို အမြဲသုံးပေးဖို့ မလိုအပ်ပါဘူး။ ဒါပေမယ့် ကီလို ၂၀,၀၀၀ တိုင်း PM Service လုပ်တဲ့ အခါမှာတော့ Toyota Genuine EFA ကို အင်ဂျင်ဝိုင်၊ အင်ဂျင်ဝိုင်စစ် (Filter) လဲရင်းနဲ့ တစ်ခါထဲ အသုံးပြုပေးသင့်ပါတယ်။ 8. ကီလို ၁၀၀,၀၀၀ ကျော်ရင် ဘာလို့မသုံးရတာလဲ? Service Record မသိတဲ့ ကားမျိုးတွေမှာ အင်ဂျင်ထဲမှာ အနည်တွေအရမ်းများနေရင် Engine Flush သုံးလိုက်တဲ့အခါ အနည်တွေပျော်ကျပြီး အင်ဂျင်ဝိုင်ဆီလိုင်းတွေကို ပိတ်သွားစေနိုင်ပါတယ်။ အဲဒါကြောင့် အင်ဂျင်ဝိုင်အဖုံးဖွင့်စစ်ကြည့်လို့ အနည်အရမ်းထိုင်နေတဲ့ကားတွေမှာဆိုရင် မသုံးသင့်ပါဘူး။ဒါဆိုရင် EFA ကို သုံးကြည့်ဖို့ အဆင်ပြေလောက်ပြီး ထင်ပါတယ် Toyota Fan တို့ရေ…

Oil Filter လဲလှယ်ခြင်းကို လစ်လျူရှုရင်..

27/ Jan /2023

နှလုံးသွေးလည်ပတ်မှု ကောင်းမွန်ဖို့ အတွက် သန့်ရှင်းတဲ့ သွေးလည်ပတ်မှု ဖြစ်နေမှ ရပါမယ်။ ဒီလိုပါပဲ နှလုံးနဲ့ တူတဲ့ ကားအင်ဂျင်လေး အတွက် သန့်ရှင်းတဲ့ အင်ဂျင်ဝိုင်လေး စီးဆင်းနေဖို့ Oil Filter က လုပ်ဆောင်ပေးပါတယ်။ Oil Filter က ဘာလို့ လိုအပ်တာလဲ?? ဆံပင်တစ်ချောင်း ရဲ့ အရွယ်အစားထက် ပိုသေးငယ်တဲ့ အညစ်အကြေး နဲ့ အခြားအမှုန်တွေက အင်ဂျင်အတွင်းကို လွတ်လွတ်လပ်လပ် ဝင်ရောက်ပြီး ပိတ်ဆို့ ပျက်စီးခြင်း အဖြစ်ကို မရောက်အောင် အင်ဂျင်အစိတ်အပိုင်းတွေ မထိခိုက်အောင် အတွက် လုပ်ဆောင်ပေးပါတယ်။ အမှိုက်တွေသာမက အင်ဂျင်ဝိုင် စီးဆင်းမှု ကိုပါ ထိန်းသိမ်းပေး တာကြောင့် အရေးပါတဲ့ Oil Filter ကို တကယ် လိုအပ်ပါတယ်။ လဲလှယ်ခြင်းကို လစ်လျူရှုရင် ဘာတွေ ဖြစ်နိုင်လဲ?? ၁. Filter ပိတ်လာပြီး ဆီကို ကောင်းမွန်စွာ စစ်ထုတ် နိုင်မည် မဟုတ်ပါ။ ၂. ဆီတွေ မသန့်စင်တော့ဘဲ စေးပျစ် လာပါလိမ့်မယ်။ ၃. အဆိုးဆုံး ကတော့ အင်ဂျင်ရပ်တန့် နိုင်ပြီး ပျက်စီးမှု ဖြစ်လာနိုင်ပါတယ်။ လဲလှယ်သင့်တဲ့ အချိန်ကာလ ကရော?? ပုံမှန်အခြေအနေဆိုရင်တော့ တစ်နှစ် သို့မဟုတ် ကီလို ၁၀,၀၀၀ တိုင်းမှာ ပြုပြင်ထိန်းသိမ်းမှုလုပ်သင့်ပြီး လွန်ကဲအခြေအနေမှာ ဆိုရင်တော့ ခြောက်လ သို့မဟုတ် ကီလို ၅,၀၀၀ ပြည့်တဲ့အခါမှာ ပြုပြင်ထိန်းသိမ်းမှု လုပ်ဆောင်ဖို့ကို Toyota မှအကြံပြုလိုပါတယ်။ အကြံပြုလဲလှယ် ရမယ့် ကာလထက် ကျော်လွန် သုံးစွဲနေမယ် ဆိုရင် အင်ဂျင်တစ်ခုလုံး လဲလှယ်ဖို့ အထိပါ လိုအပ်လာပါလိမ့်မယ်။ Oil Filter ရဲ့ အရည်အသွေးက အရေးကြီးပါသလား?? အရေးကြီးပါတယ်။ အရည်အသွေး မကောင်းတဲ့ Oil Filter က မိမိကားရဲ့ အင်ဂျင်သက်တမ်းကို တိုစေကာ အခြား အစိတ်အပိုင်းတွေပါ ပျက်ယွင်းစေပါမယ်။ အစိတ်အပိုင်း သေးသေးလေးက အင်ဂျင်ကို ကာကွယ်ဖို့ အရေးကြီးတဲ့ အခန်းက နေပါဝင်နေပါတယ်။ ဒါကြောင့် Genuine Oil Filter တွေက မြင့်မားသော စစ်ထုတ်နိုင်စွမ်း ၊ သန့်ရှင်းတဲ့ အင်ဂျင်ဝိုင် လည်ပတ်စီးဆင်းမှု ချောမွေ့ ကောင်းမွန်ခြင်း ဆိုတဲ့ လုပ်ဆောင်ချက် အားသာချက် တွေနဲ့ ကားရဲ့ အင်ဂျင်ကို ကာကွယ်ပေးပါတယ်။

အိမ်မှာကိုယ်တိုင် Wiper တွေကို ဘယ်လိုမျိူး ထိန်းသိမ်း စစ်ဆေးပေးလို့ ရမလဲ?

27/ Jan /2023

မိုးရာသီ ရောက်တာနဲ့ ပထမဆုံး သတိရ မိတဲ့ ကားတစ်စီး ရဲ့ အစိတ်အပိုင်းလေး က ဘာပါလိမ့် ။ တခါတလေ မှာ တစ်ချို့ အစိတ်အပိုင်းတွေ က အရေးမကြီးသလို နဲ့ အရေးကြီး နေတတ်ပါတယ်။ မိုးရာသီ ရောက်မှ အရေးကြီးတာ မဟုတ်ပါဘူး။ နေ့စဉ်သွားလာ စီးနှင်းနေသ၍ အရေးကြီးပြီး ကားတစ်စီး မှာ မရှိမဖြစ် လိုအပ်တဲ့ အရာဟာ ကားရှေ့မှန်နဲ့ နောက်မှန်မှာရှိတဲ့ Wiper တွေပါ။ ဒီတခါမှာ Wiper တွေကို ဘာလို့ ဂရုစိုက်သင့်လဲ၊ အိမ်မှာကိုယ်တိုင် ဘယ်လိုမျိူး ထိန်းသိမ်း စစ်ဆေးပေးလို့ ရမလဲ၊ ဘယ်အချိန်အသစ်လဲလှယ် ပေးရမလဲ ဆိုတာ ကို မျှဝေပေးချင်ပါတယ်။ Wiper တွေကို ဘာလို့ ဂရုစိုက်သင့် လဲ? ကားမောင်းနှင် နေချိန်မှာ ကားမောင်းသူအတွက် အရေးကြီးဆုံးတစ်ခုက ကြည်လင်ပြတ်သားတဲ့ မြင်ကွင်း ဖြစ်နေဖို့ လိုအပ်ပါတယ်။ Wiper စနစ် ရဲ့ အဓိက လုပ်ဆောင်ချက်က ကားရှေ့လေကာမှန် နှင့် ကားနောက်မှန် တို့ပေါ်မှာ တင်ရှိနေတတ်တဲ့ ရေစက်များ၊ ဖုန် နှင့် အခြားအညစ်အကြေးများကို ဖယ်ရှားပေးပြီး မြင်ကွင်းကို ရှင်းလင်းစေရန် ဖြစ်ပါတယ်။အဲ့လို မြင်ကွင်းကြည်လင်စေဖို့ Wiper တွေရဲ့ ပူပေါင်းလုပ်ဆောင်ပေးမှု့ ကလည်း အရေးပါ ပါတယ်။ ဥပမာ ကားမောင်းနှင်နေချိန် မိုးအရမ်းရွာသွန်း လာမယ် ဆိုရင် ကားမောင်းသူအတွက် မိမိကား ရဲ့ မြင်ကွင်း ကောင်းကောင်းမြင်နိုင်ဖို့ Wiper တွေသာ ပထမဆုံး လုပ်ဆောင်ပေးမှာ ဖြစ်ပါတယ်။ Wiper ကို ဘယ်လိုမျိူး ထိန်းသိမ်း စစ်ဆေးပေး ရမလဲ? 1. Wiper လက်တံများကို စစ်ဆေး ပါ။ ပထမဆုံး Wiper လက်တံများကို တင်းကျပ်စွာ ရှိမရှိ စစ်ဆေးရပါမယ်။ Wiper လက်တံများ တင်းကျပ်နေမှ သာ Wiper Blades က ချောင်ထွက်မနေဘဲ ကားရှေ့မျက်နှာပြင် ကို လွယ်ကူစွာ သန့်ရှင်းအောင်ပြု လုပ်ပေးနိုင်မှာ ဖြစ်ပါတယ်။ 2. Wiper Blades ကို ချိန်ညှိပါ။ Wipers တွေဟာတင်းကျပ်နေတာတောင်ကားရှေ့မှန်မှာ အညစ်အကြေးတွေ ကျန်နေသေးတယ် ဆိုရင်တော့ ၊ Wiper Blades ကိုလည်း ချိန်ညှိပေးဖို့လိုပါမယ်။ Wiper Blades ဟာ ကားမှန်မျက်နှာပြင်နဲ့ အပြည့်အဝ ထိတွေ့နေရပါမယ်။ ဒါမှ Wiper Blades လည်ပတ်တဲ့အခါ ကားမှန်မျက်နှာပြင်ဧရိယာများ ကို များများသန့်ရှင်းစေမှာဖြစ်ပါတယ်။ 3. Wiper Blades များကို သန့်စင်ပေးပါ။ Wiper Blades များကို ကီလိုမီတာ ၁၀,၀၀၀ သို့မဟုတ် ၆လ တစ်ခါ သန့်စင်ပေး ဖို့ လိုအပ်ပါတယ်။ သန့်စင်ပေးတဲ့ အခါမှာ အဝတ်စကို ရှာလကာရည်လေးနဲနဲစွတ်ပေးပြီး Wiper Blades အပေါ်ကနေအောက်အထိ သေချာစွာ သန့်စင်ပေးရပါမယ်။ Wipers မှာ ရာဘာသားများ ထည့်သွင်းအသုံးပြုထားတာကြောင့် အချိန်ကာလကြာမြင့်စွာ အသုံးမပြုဘဲထားတဲ့ အခါ ရာဘာသားများ ပျက်စီးယိုယွင်းလာနိုင်ပါတယ်။ရေသုတ်စွမ်းအားကို ကျဆင်းစေနိုင်တာကြောင့် ကားမြင်ကွင်းကို လျော့နည်းလာစေပြီး မှန်မှာအစင်းရာများ ဖြစ်ပေါ်လာကာ ပုံမှန်မဟုတ်တဲ့ အသံများထွက် ပေါ်လာနိုင်ပါတယ်။ ဒါကြောင့်Wiper Blades ပေါ်က ရာဘာသားများကို rubber protectant OR petroleum jelly တစ်မျိုးမျိုးကို အဝတ်စထဲနဲနဲထည့်ပြီး သန့်စင်ထားတဲ့ Wiper Blades ပေါ် ဖြေးဖြေး ပွတ်လိမ်းပေးပါ။ ဒါဟာ ရာဘာသားကိုသန့်စင်စေပြီး ပျက်စီးမှူ့ကနေကာကွယ်ပေးပါတယ်။ ကားမှန်မျက်နှာပြင်များ ခြောက်သွေ့နေတဲ့အချိန် ဝိုက်ပါစနစ်ကို အသုံးပြုတော့မယ် ဆိုရင် ကားမှန်ကို စိုစွတ်အောင် အရင်ဆုံး ပြုလုပ်ပြီးမှသာ အသုံးပြုရန် သင့်ပါတယ်။ Wiper တွေကိုဘယ်အချိန်အသစ်လဲလှယ် ပေးရမလဲ? Wiper လက်တံတွေနဲ့ Wiper Blades က ရာဘာသားတွေ မကောင်းတော့ဘူးဆိုရင်တော့ ကားရဲ့ Wiper ကိုအသစ် လဲလှယ်သင့်ပါတယ်။ Wiper မှာ Expiry Date တော့မရှိပါဘူး။ မသုံးရသေးတဲ့ Wiper ကို အသစ်အတိုင်းသိမ်းထားတယ်ဆို အကြာကြီးခံပါတယ်။ ကားမှာအသုံးပြုနေတဲ့ Wiper တွေဟာ ရာဘာနဲ့ပြုလုပ်ထားတာမို့ ရာသီဥတု၊ အပူချိန်၊ နေရောင်ခြည်၊ UV rays တွေနဲ့ထိတွေ့ပြီး ပျက်စီးယို့ယွင်းပါတယ်။ ဒါကြောင့် အမြဲအသုံးများတဲ့ကားတွေအတွက်ဆို ယေဘူယျအားဖြင့်တော့ တစ်နှစ်တစ်ခါလောက် အသစ်လဲပေးသင့်ပါတယ်။ အသုံးမများပေမဲ့နေပူထဲမှာ အမြဲရပ်ထားတဲ့ကားဆိုရင်တော့ Wiper Blades ကရာဘာလေးတွေကို စစ်ဆေးကြည့်ပြီး ရာဘာသားမကောင်းရင်တော့ လဲလှယ်ပေးသင့်ပါတယ်။

...
Stick to the service schedule

17/ Mar /2023

...
ကားကြံ့ခိုင်မှုကို ဘာကြောင့် ပုံမှန် စစ်ဆေးသင့်တာလဲ?

03/ Mar /2023

...
Ignition Coil တွေမကောင်းရင် ဘာဖြစ်နိုင်လဲ?

27/ Jan /2023

...
Toyota Genuine Engine Flush Additives (EFA) ဆိုတာ…

27/ Jan /2023

...
Oil Filter လဲလှယ်ခြင်းကို လစ်လျူရှုရင်..

27/ Jan /2023

...
အိမ်မှာကိုယ်တိုင် Wiper တွေကို ဘယ်လိုမျိူး ထိန်းသိမ်း စစ်ဆေးပေးလို့ ရမလဲ?

27/ Jan /2023

...
Toyota Fan တို့ရေ မိုးရာသီက မကုန်ဆုံးသေးတော့ မိုးရွာနေချိန် မှာ မိမိရော မိမိကားလေး ပါ အန္တရာယ်ကင်းပြီး လုံခြုံစွာ မောင်းနှင် နိုင်ဖို့

27/ Jan /2023

...
ကားအတွက် အင်ဂျင်ဝိုင်ရွေးချယ်ရင် ဒါတွေ သိထားဖို့လိုပါတယ်။

27/ Jan /2023

...
ကလေးကားထိုင်ခုံကိုထိန်းချုပ်ပေးထားတဲ့ ISOFIX Safety System

27/ Jan /2023

...
Genuine Engine Oil ကို တကယ်ပဲ သုံးဖို့လိုလို့လား??

27/ Jan /2023

...
TSS System (Toyota Safety Sense) ဆိုတာဘာလဲ။ ဘယ်လိုနည်းပညာတွေပါလဲ။

27/ Jan /2023

...
Window Flim တပ်ဆင်တော့မယ်ဆိုရင် ဘယ်အချက်တွေ စဉ်းစားရမလဲ?

27/ Jan /2023

...
Engine Air Filter တွေ မသန့်ရှင်းတော့ရင်!

23/ Jan /2023

...
Electric Fuel Pump တွေဘာကြောင့် ပျက်စီးရလဲ?

23/ Jan /2023

...
Tools လေးတွေ က ဘယ်လို သုံးဝင်ပါသလဲ?

23/ Jan /2023

...
မရှိမဖြစ် လိုအပ်တဲ့ First Aid Kit Items လေးတွေ!!!

23/ Jan /2023

...
Airbag တွေက အရေးကြီးပါ သလား?

23/ Jan /2023

...
နေရောင်အောက် က ကားလေးကို ဘယ်လို ကာကွယ် မလဲ?

23/ Jan /2023

...
Leather Seats တွေ မပျက်စီးစေဖို့!!!

23/ Jan /2023

...
Seat Belt ဘာကြောင့် ပျက်စီးတာလဲ?

23/ Jan /2023

...
Used ကားလေး ကို မစီးခင် မှာ ဘယ်လိုများ Caring လုပ်သင့်လဲ ?

23/ Jan /2023

...
ကားလေး တောက်ပြောင်အောင် ဘယ်လို လုပ်ရမလဲ?

23/ Jan /2023

There is no article for 2022